မြန်မာပြည်မြောက်ဖျား ပန်နန်းဒင်မြို့၊ ထလာထုကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးနှင့် မြစ်ကြီးနားမြို့တွင်း ကုန်တင်ယာဉ်ကြီးများ ဝင်ရောက်ဖြတ်သန်း သွားလာမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မတ် ၁၇ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်အတွင်းရှိ ပန်နန်းဒင်မြို့ တဆူထုကျေးရွာအုပ်စု၊ ထလာထုကျေးရွာတွင် မတ် ၈ ရက်နေ့ ညပိုင်းတွင် ရွာလုံး ကျွတ်နီးပါး မီးလောင်မှုဖြစ်စဉ် ကြောင့် ထလာထုကျေးရွာနေ မီးဘေးသင့်ပြည်သူများအား ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် မတ် ၁၇ ရက် နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ ထလာထုကျေးရွာ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထလာထုကျေးရွာသည် ပန်နန်းဒင်မြို့မှ ၄၉ မိုင်ခန့် ဝေးကွာပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့် ကျေးရွာတစ်ခုဖြစ်သည့်အတွက် မီးဘေးသင့် ပြည်သူများ၏ နေအိမ်များ ပြန်လည်တည်ဆောက်ပေးနိုင်ရေး၊ စားနပ်ရိက္ခာလုံလောက်မှုရှိစေရေး၊ ပြန်လည်ထူထောင်ပေးရေးအတွက် စနစ်တကျ…