ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၆)ခုမှ အိမ်ထောင်စု (၃၀)၊ လူဦးရေ (၁၄၂)ဦးတို့အား ငွေပျော်စံပြကျေးရွာသို့ ထပ်မံပြောင်းရွှေ့ နေရာချထားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်
မြစ်ကြီးနား ဇူလိုင် ၁၆ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာယာယီစခန်းနေပြည်သူများအား ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်း (၆)ခုမှ အိမ်ထောင်စု (၃၀)၊ လူဦးရေ (၁၄၂)ဦးတို့အား ပလန ကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာသို့ ၎င်းတို့ဆန္ဒအရ ပြောင်းရွှေ့ နေရာချထားပေးပြီး ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ကျေးရွာဘက်စုံသုံးခန်းမ၌ အိမ်ထောင်စုများ အတွက် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်းနေ အိမ်ထောင်စုများအား ပြောင်းရွေ့နေရာချ ထားပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်း အခမ်းနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်နှင့် ခရိုင် (၄) ခရိုင်မှ…