ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဝိုင်းမော်မြို့ နယ်အတွင်းရှိ“ပန်းခင်း”စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားများအားပေးအပ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များ၏ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
မြစ်ကြီးနား နိုဝင်ဘာ ၁၀ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝိုင်းမော်မြို့နယ်ဦးစီးမှူးရုံး ၏ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားအား နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈နာရီအချိန်က ၀ိုင်းမော်မြို့ အမှတ်(၁) ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန် ၊ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက် သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က“ပြည်သူများရဲ့ လူမှုရေး ၊စီးပွားရေး၊ကျန်းမာရေး ၊ပညာရေး အစရှိသော နေရာများမှာ အိမ်ထောင်စုဇယား နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားအား မရှိမဖြစ် လိုအပ်ပြီး အသုံးပြုနေရခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ “ပန်းခင်း”စီမံချက်ဖြင့် လွယ်လွယ်ကူကူဖြင့် ရပ်ကွက်/ကျေးရွာ…