ပင်မစာမျက်နှာ

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့၌ အား/ကာသိပ္ပံကျောင်းတည် ဆောက်နိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲသို့ ဆုများတက်ရောက်ချီးမြှင့်

မြစ်ကြီးနား     အောက်တိုဘာ ၁၈           ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က မြစ်ကြီးနားမြို့ ၌ တည်ထောင်ဖွင့်လှစ်သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမြေနေရာနှင့် ပိုက်ကျော် ခြင်းပြိုင်ပွဲ တက်ရောက် ဆုခြင်းမြှင့်ခြင်းတို့ကို အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးတို့သည် ပြည်နယ်ဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပြည်နယ်အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ် နိုင်ရေးအတွက် လျာထားသတ်မှတ်ထားသည့် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စု၊ပိတောက် ပယ်ဖျက်ကွင်းအတွင်းရှိ မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်မြေဧရိယာအတွင်း အား/ကာသိပ္ပံကျောင်းအပါ အဝင် မြို့ပြဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုးချဲ့ဆောင်ရွက်သွားမည့် ရေရှည်စီမံကိန်းလုပ်ငန်း  အစီအစဉ်များဖြင့် ရေးဆွဲဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆွေးနွေး ခဲ့ကြသည်။           ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားလေဆိပ် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၁၆           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားလေဆိပ်အဆောက်အဦများ ပတ်ဝန်း ကျင်နှင့် လေဆိပ်ဝင်း အတွင်း/အပြင်တို့တွင် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအ သင်းအဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၁၆ ရက် နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ခဲ့ကြသည်။           ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက လေဆိပ် ဧရိယာပြင်ပ လမ်းဘေးဝဲ/ယာများနှင့် လေဆပ်ဧရိယာအတွင်းရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ မြေယာရှုခင်းအလှပင်များအား ပြုပြင်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လေဆိပ်ပုရဝဏ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ပြည်နယ်၏ မြို့တော်လေဆိပ်ဖြစ်သည့်အတွက် အမြဲသန့်ရှင်းသာယာလှပ စေပြီး မြေယာရှုခင်းများ…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးကာကွယ်ရေးအတွက် ကယ်ဆယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     အောက်တိုဘာ ၁၅           လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးကြိုတင်ကာကွယ်နိုင်ရေး အတွက် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ဖိုင်ဘာစက်လှေနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း၌ ကျင်းပပြုလုပ်သည်။           ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့ပြီးလျှင် ဝိုင်းမော်မြို့သည် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းတွင် အချက်အခြာကျသည့် မြို့တစ်ခုဖြစ်သည့်အတွက် တိုးတက်မှုနှင့် ဖွံ့ဖြိုးမှု မြန်ဆန်လာမည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးမှုကို လျော့ချနိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နိုင်ငံတော်မှ ယခုလို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပူတာအိုခရိုင်အတွင်း ဆန်ဖူလုံရေးနှင့် ကုန်းမြင့်လယ်ယာများ တိုးချဲ့ဖော်ထုတ်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၁၄           ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု (၂၈)ခုမှ ပြည်သူများအား ဦးတည်အုပ်စုအလိုက် စုရပ်များ ပြုလုပ်၍ ကာကွယ်ဆေးထိုးနှံပေးနေမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကာကွယ်ဆေးထိုးနှံပေးနေ မှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်းအတွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီ ရေးအသင်းအဖွဲ့များ၏ ဝိုင်းဝန်းကူညီမှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၏ ကာကွယ်ဆေးထိုးနှံပေး နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား…

Read Full News

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အား အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း‌အစည်းအဝေးနှင့် ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ချရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     အောက်တိုဘာ ၁၃           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် များအား အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည် နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတော်အစိုးရအနေဖြင့် ဦးတည်ချက် (၉)ရပ်၊ ‌ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော် ဝန်ကြီးချုပ်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်များအပေါ် အလေးထားလိုက်နာ၍ မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများအပေါ် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရည်မှန်း ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့၌ တည်ဆောက်ပြီးစီးသည့် အမှတ် (၂)ဈေးသစ်ဖွင့်လှစ်ပေးပြီး အား/ကာသိပ္ပံကျောင်းမြေနေရာအတွက် တောင်သူများအား သီးနှံနစ်နာကြေး ပေးအပ်

မြစ်ကြီးနား     အောက်တိုဘာ ၁၂           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တည် ဆောက်ပြီးစီးသည့် အမှတ်(၂)ဈေးသစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီ တွင် ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်၊ ဝါရှောင်သွားလမ်းမဘေးရှိ အဆိုပါ ဈေးသစ်အဆောက် အအုံနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။           ဈေးသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး က အမှတ် (၂)ဈေးသစ် တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အမှတ် (၂)ဈေး သစ်ကို တာဝန်ယူဆောက်လုပ်ခဲ့သည့် မြစ်ကြီးနားညီအစ်ကိုများစပ်တူကုမ္ပဏီဥက္ကဋ္ဌ ဦးဇခုန်ယိန်း ချမ်းက အမှတ် (၂)ဈေးသစ် တာဝန်ယူတည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြ…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက်ပေးအပ်

မြစ်ကြီးနား     အောက်တိုဘာ ၁၁           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၏ ကြီး ကြပ်မှုဖြင့် မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မြစ်ကြီး နားမြို့၊ စီတာပူရပ်ကွက် နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပွဲကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ် OSS ရုံးဝင်အတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။           နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၁၈)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယနေ့ စီတာပူရပ်ကွက်နေ တိုင်းရင်းသားပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ် အရောက်ပေးအပ်နိုင်ခြင်းသည် ပန်းခင်းစီမံချက်၏ အောင်မြင်မှုရလာဒ်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ကျန်ရှိနေသည့် ကျေးရွာအုပ်စုများတွင်လည်း…

Read Full News

ကချင်ပြည်နယ်တရားလွှတ်တော်ရုံး ဆောက်လုပ်နိုင်ရေးအတွက် လျာထားမြေနေရာများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၉           ကချင်ပြည်နယ်တရားလွှတ်တော်ရုံး ဆောက်လုပ်နိုင်ရေး မြေနေရာရရှိရေးအတွက် ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ကွင်းအမှတ်-၄ ယောရင်းကွင်း၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် ၆၀.၉၂၀ ဧကကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အေးမြသာယာရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘောလုံးကွင်းဘေးရှိ မြေနေရာတို့အား ကြည့်ရှုစစ် ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့် မြေနေရာအကျယ်အဝန်းရရှိနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မြေနေရာရရှိရေးအတွက် စိစစ် တင်ပြကြနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားလာမှုအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ခွင့်ပြုပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၈           ကချင်ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ပြည်နယ်အဆင့် ပန်းခင်းစီမံချက်အကောင် အထည်ဖော်ရေးဆိုင်ရာ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်း အဝေးကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။           အစည်းအဝေးတွင် ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း မြို့နယ် ပေါင်း ၁၈ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၁၈၁၁၇)ကတ် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဆောင်ရွက်ပေးရမည့်ဦးရေ (၂၀၁၃၆၆)ဦးနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ…

Read Full News

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ/ သီလရှင်ကျောင်းများ အတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်းခြင်းနှင့် အခြေခံပညာကျောင်းများဖွင့်လှစ် နိုင်ရေး အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၆           ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ကိုဗစ်-၁၉ ကာလအတွင်း ဝါဆိုဆရာတော်များအား ဆွမ်း၊ ကွမ်းအခက်အခဲ မဖြစ်စေရေးအတွက် မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့နယ်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ/ သီလရှင်ကျောင်းများအတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြသည်။           လှူဒါန်းပွဲတွင် ဆရာတော်၊ သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ငါးပါး သီလခံယူဆောက်တည်ကြပြီး တရားတော်များနာယူကာ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များ အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၁၀ ကျောင်းတို့အတွက် ပြည်နယ်…

Read Full News