ဥပဒေရေးရာဝန်ကြီးဌာနက ဆောင်ရွက်မည့် အစီအမံများအား ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ထပ်ဆင့်ရှင်းလင်း
မြစ်ကြီးနား မေ ၃၀ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များမှ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်း ဥပဒေ အကာအကွယ်ကို အညီအမျှရရှိရေးနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေ အရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများ၏ ညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအပေါ် ကချင် ပြည်နယ်ဥပဒေချုပ်က ခရိုင်/ မြို့နယ်ဥပဒေအရာရှိများကို ထပ်ဆင့်ရှင်းလင်းခြင်းအား ယနေ့ နံနက်ပိုင်း တွင် မြစ်ကြီးနားမြို့ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားတွင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက ဝန်ကြီးဌာနက ဆောင်ရွက်မည့် အစီအမံများနှင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးက ဥပဒေရေးရာဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်နှင့်…