ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်နန်းကွေ့ကျေးရွာအုပ်စုအတွင်း အသားတိုးကြက်မွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး၊ မန်ခိန်ရပ်ကွက်အတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများအား သွားရောက်ထောက်ပံ့
မြစ်ကြီးနား မေ ၁၆ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့်အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် သန့်ရှင်းသာယာသော ကျောင်းပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးအတွက် ဇီးလွန်ရပ်ကွက်ရှိ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းနှင့်ပမ္မတီးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ပမ္မတီး)တို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ကျောင်းဝင်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းဖွင့်နိုင်ရေးအတွက် ကျောင်းလိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ဒေသတွင်း…