ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင် ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ်တို့အား အဓိက လျှပ်စစ်မီးပေးနေသည့် နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံနှင့် စာတိုက်လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်
ပူတာအို မေ ၂၀ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်သည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်နှင့်အတူ မေ ၁၉ ရက် မွန်းလွဲပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ်များသို့ လျှပ်စစ်မီးလင်းရေးအတွက် အဓိကထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ လည်ပတ်နေမှုအခြေအနေများနှင့် လျှပ်စစ်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်တို့သည် ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်၊ အလွတ်တန်းကျေးရွာအတွင်း နမ့်ထွမ်ချောင်းပေါ်တွင် တည်ဆောက်ထားသော နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံသို့သွားရောက်ပြီး စက်ရုံအတွင်း လျှပ်စစ်ဓာတ်အား လည်ပတ်ထုတ်လုပ်နေမှုအခြေအနေများနှင့် ပူတာအို၊ မချမ်းဘောမြို့နယ်များအတွက် ဖြန့်ဖြူးပို့လွှတ်နေမှုအခြေအနေများ၊ ရေစုကန်နှင့် ချောင်းရေအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြရာ စက်ရုံတာဝန်ခံ အင်ဂျင်နီယာ ဦးတေဇာလင်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်သိုက်တို့က လိုက်လံရှင်းလင်းပြသမှုအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို…