ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက်တွဲ ရွှေတံဆိပ်ဆုရ အားကစားသမားများနှင့် ငွေနှင့် ကြေးဆိပ်ဆုရ ပြည်နယ်လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား ဇူလိုင် ၁၉ ၂၀၂၂ ခုနှစ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အမျိုးသား နှစ်ယောက်တွဲ အသင်းလိုက် ရွှေတံဆိပ်ဆုရ အားကစားသမားများနှင့် လက်ဝှေ့ပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့ကြသော ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၈ ရက် ညနေ ၆ နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ ယနေ့ အောင်ပွဲရရှိခဲ့သည့် အားကစား သမားများကို ဂုဏ်ပြုပေးခြင်းသည်လည်း (၄)ကြိမ်မြောက် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ကချင် ပြည်နယ်၏ အားကစားကဏ္ဍသည် အနာဂတ်ကောင်းများစွာ ရရှိနေပြီဖြစ်ပါကြောင်း၊ နောင်နှစ်များ တွင်လည်း…