ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများ တက်ရောက်ဖွင့်လှစ်ပေး
မြစ်ကြီးနား ဇူလိုင် ၁၁ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြား နေသော အတန်းအသီးသီးမှ ကျောင်းသား/ ကျောင်းသူများအတွက် မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ နှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကဏ္ဍ တိုးတက်မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်လျက်ရှိရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်နေ သကဲ့သို့ တက္ကသိုလ်အသီးသီးမှလည်း စိတ်အားထက်သန်စွာ တာဝန်ယူ ပူးပေါင်းဆောင်ရွက်မှသာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ် ကျောင်း သား/ကျောင်းသူများအနေဖြင့် မိမိတို့၏ မူလပန်းတိုင်ဖြစ်သည့် အင်ဂျင်နီယာကောင်းများ…