ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ် ဈေးနှုန်းဖြင့် ပုံမှန်အတိုင်းရောင်းချပေးရေး လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဧပြီ ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် လတ်လလောပျံ့နှံ့နေသည့် စက်သုံးဆီနှင့်ပတ်သက်သည့် သတင်းအမှားများကြောင့် မြစ်ကြီးနားမြို့ရှိ စက်သုံးဆီသုံးစွဲသူပြည်သူများ စိုးရိမ်ပူပန်မှုနှင့်အတူ အလုအယက်ဝယ်ယူနေကြသည့် အခြေအနေ များအပေါ် စက်သုံးဆီလက်လီအရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ပုံမှန်အတိုင်း ရောင်းချနိုင် ရေးအတွက် ဧပြီ ၂၀ ရက် နံနက် ၉ နာရီက စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း၊ သိုလှောင်းဖြန့်ဖြူးရေးဌာန (မြစ်ကြီးနား)ရုံး၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံညှိနှိုင်းစဉ် ပြည်နယ်ဝန်ကြီးက စက်သုံးဆီလက်လီရောင်းချနေသည့် အရောင်း ဆိုင်လုပ်ငန်းရှင်များ၏ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေများ၊ ပြည်သူ များ စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူမှုအပေါ် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ရောင်းချဖြန့်ဖြူးနိုင်သည့် အခြေအနေများ၊ ရောင်းချဖြန့်ဖြူးရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လက်ရှိဖြစ်ပေါ်လျက်ရှိ သည့် အခြေအနေများ၊ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍…