ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ် ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံမှုအား လှည့်လည်ကြည့်ရှုအားပေး
မြစ်ကြီးနား အောက်တိုဘာ ၁၅ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံပညာကျောင်းနေကလေးငယ်များ အသက်အရွယ်အုပ်စုအလိုက် ဆုံဆို့၊ မေးခိုင် ကာကွယ်ဆေး(DT)နှင့်သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) များ ထိုးနှံးပေးခြင်းလုပ်ငန်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာထက်၊ လယ်၊ မူ ကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းသည် မြစ်ကြီးနားမြို့ အမှတ် (၈)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာ အောင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ များ၏ အကူအညီဖြင့် အသက် (၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသားကလေးငယ်များအား ဆုံဆို့၊ မေးခိုင် ကာကွယ်ဆေး (DT)များနှင့်…