ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကအဖွဲ့ဝင်များ ဗန်းမော်မြို့နယ် အတွင်း အမျိုးသမီးငယ်များဘဝတိုးတက်မြင့်မားရေးနှင့် ကလေးငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဖွံ့ဖြိုးမှုမြင့်မားလာစေရေး ကွင်းဆင်းဆောင်ရွက်‌

ဗန်းမော်         ဖေဖော်ဝါရီ ၅           ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်အတွင်း အမျိုးသမီးငယ်များ ဘဝတိုးတက် မြင့်မားလာရေးနှင့် ကလေးငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဖွံ့ဖြိုးမှုမြင့်မားလာစေရေးအတွက် ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့နယ်အတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။           ထို့သို့ ဆောင်ရွက်ရာတွင် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ ပြည် နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ နာယကအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်နန်စိန်အေး၊ ဒေါ်ဒေါင် နန်း၊ ဒေါ်သွဲ့လေးအောင်တို့သည် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် အဖွဲ့ဝင်များနှင့်အတူ ဗန်းမော်မြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း၌ အခြေခံစက်ချုပ်ပညာသင်တန်းတက် ရောက်နေသော သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဗန်းမော်ခရိုင်အတွင်းရှိ စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့်တွေ့ဆုံ၊ ကမ်းသာယာကန်နှင့် ပန်းခြံတိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

ဗန်းမော်         ဖေဖော်ဝါရီ ၄           ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဗန်းမော်ခရိုင်အတွင်းရှိ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ခရိုင်ဦးစီးမှူး များနှင့် တွေ့ဆုံပြီး မေတ္တာမွန်ရေကန်(ဂေါ်ရာကန်)နှင့် ပန်းခြံသာယာလှပရေး တိုးချဲ့ဆောင်ရွက် သွားမည့်အစီအစဉ်များကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဗန်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ခရိုင်အတွင်း မြို့နယ်များမှ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံပြီး ခရိုင်အတွင်းရှိ မြို့များ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင် ရွက်နိုင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လမ်း၊ တံတား၊ ရေပေးဝေရေး၊ ပန်းခြံနှင့် အပန်းဖြေနေရာများ ဖော်ဆောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်နှင့် မံစီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုများတိုးတက်မြင့်မားလာစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ဗန်းမော်         ဖေဖော်ဝါရီ ၃           ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက် မြှင့်မားလာစေရေး၊ ဆီထွက်သီးနှံနေကြာ အပါအဝင် လယ်သီးထပ်သီးနှံများ စိုက်ပျိုးထုတ်လုပ် နေမှုအခြေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၃ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။           ‌ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင် ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ မံစီမြို့သို့ သွားရောက်ပြီး မြို့တော်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုများတိုးတက်မြင့်မားလာစေရေး ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး၊ နေရပ်စွန့်ခွာပြည်သူများ စီအင်ကျေးရွာသစ်တွင် ပြောင်းရွေ့နေထိုင်နိုင်ရေး လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်

ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့် မားလာစေရေးနှင့် ပြည်နယ်စီးပွားမြှင့်တင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီခွဲက ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ကြသည်။           ‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ် ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ မိုးမောက်မြို့သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်နှင့် ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။          …

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလီဘောပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်အားပေးပြီး မြို့သန့်ရှင်းသာယာလှပလာစေရေး အထင်ကရနေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ အထင်ကရနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေး ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နံနက် (၈) နာရီက မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။           ထို့သို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ ပြည်နယ်အတွင်း အစိုးရနှင့် ပြည်သူများအကြား စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပြည်နယ်/ ခရိုင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၃၁           ၂၀၂၃ ခုနှစ် ဖော်ဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီက ပြည်နယ်အစိုးရဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြော ကြားသည်။           ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စု ၏ အနှစ်သာရနှင့်ပေါ်လွင်အောင် ပုံရိပ်ကောင်းကောင်းဖြင့် အများပြည်သူယုံကြည်ခိုင်မာလာစေရေး အတိုင်းအတာတစ်ခုအထိ ပြည့်စုံအောင် ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ အလားတူ နေပြည် တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းနယ်မြေ (၈) ခေတ်မီစံပြကျေးရွာ (Smart Village) နေ ပြည်သူ့များနှင့်‌ တွေ့ဆုံ၊ ကျေးရွာအတွင်း လုပ်ငန်းစီမံကိန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  ဇန်နဝါရီ ၂၉ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ နယ်မြေ (၈) ခေတ်မီစံပြကျေးရွာ (Smart Village) နေ ဒေသခံတိုင်းရင်းသားပြည်သူလူထုများနှင့်‌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်၊ဌာနဆိုင်ရာ တာဝန်ရှိသူများသည်   ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာရှိ ချန်းမောခန်းမဆောင်၌ တွေ့ဆုံ‌ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က  မော်ဖောင်း၊ နယ်မြေ (၈) ခေတ်မီ စံပြကျေးရွာ (Smart Village) ဘက်စုံ ခေတ်မီဖွံ့ဖြိုးတိုးတက်‌လာစေရန် ဒေသခံပြည်သူများအနေဖြင့် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ‌နှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် ကြရန်လိုပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်နယ်အတွင်းရှိ ကျေးလက်များဖွံ့ဖြိုး တိုးတက်လာစေရေး နိုင်ငံ့စီးပွား မြင့်တင်ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေတိုက်စားမှု ကာကွယ်ရေး မြစ်ကမ်းတစ်လျှောက် ကျောက်စီမြေထိန်းနံရံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ        ၂၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် နှစ်စဉ်မိုးရာသီ၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှုများပြားပါက ရေကြီးရေလျှံမှုဖြစ်စဉ်များဖြစ်ပေါ် လေ့ရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧရာဝတီမြစ်ရိုးတစ်လျှောက် ရပ်ကွက် များအတွင်း ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုများကို ဇန်နဝါရီ ၂၉ ရက်၊ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသား‌ရေးရာ ဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အမြန်ရေယာဉ်ဖြင့်  ဧရာဝတီမြစ်အတွင်းမှ မြစ်ကြီးနားမြို့အား ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေး မြစ်ကမ်းတစ်လျှောက် ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ထားရှိမှုအ‌ခြေအနေများ၊ မြို့ဧရိယာအတွင်းရှိ ရေထုတ်မြောင်းမကြီး များမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည့် ရေထွက်ပေါက်အ‌ခြေအနေများနှင့် ဧရာဝတီမြစ်ရေစီးကြောင်း ပြောင်းလဲတိုက်စားနိုင်မည့် အခြေအနေများအ‌ပေါ် ကြိုတင် ကာကွယ်သွားရမည့် မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအဆောက်အအုံသစ် တက်ရောက်ဖွင့်လှစ်၊ မလိခသဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၂၈ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဇန်နဝါရီ ၂၈ ရက်၊ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့၌ အသစ်ပြုပြင်တည်ဆောက်ပြီးစီးခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး  အဆောက်အအုံသစ်အား တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အဆောက်အအုံသစ်ကို ကောင်းမွန်စွာ ဆောင်ရွက်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် ရုံးအဆောက်အအုံကို အစဉ်သန့်ရှင်း သာယာလှပစေရန် ဝန်ထမ်းများအနေဖြင့် ဂရုပြုစောင့်ရှောက်ထိန်းသိမ်းကြရန်လိုပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် ဥပဒေနှင့်ညီညွတ်သည့် အခွင့်အလမ်းများကို ပြည့်ပြည့်ဝဝ တိုးမြှင့်ရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြည်နယ်၏ နယ်စပ်ကုန်စည်စည်းဆင်းမှု၊ လူအဝင်/အထွက် ကိစ္စများတွင်   တိုင်းရင်းသားပြည်သူများ၏…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် စာအောင်ဆုနှင်းသဘင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲကျင်းပပြုလုပ်

မွဈကွီးနား     ဇနျနဝါရီ    ၂၇ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်စာအောင်ဆုနှင်းသဘင် မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အံ့တော်ရှင်တောင်တန်းသာသနာပြုဗဟို ကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြသည်။ အခမ်းအနားသို့ ပြည်နယ်သံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင်  ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေတုမာလာအမှူးပြုသော ပင့်သံဃာများ၊ စာအောင်သံဃာတော်များ၊ စာအောင်သီလရှင်ဆရာလေးများ ကြွရောက်တော်မူကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး‌ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်‌ဇနီးဒေါ်ရွှေစင်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်မိသားစုဝင်များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြပြီး ရှေးဦးစွာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ဆက်လက်ကျင်းပရာ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍…

Read More