ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း နွေ၊ မိုး၊ ဆောင်း သီး (၃) သီးစနစ်ဖြင့် ပညာပေးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေမှု၊ နေကြာသီးနှံစိုက်ပျိုးထားရှိမှု နှင့် အင်ဂျန်ခချောင်း ပြန်လည်တူးဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဇန်နဝါရီ ၁၈ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ပြည်နယ်အတွင်း စိုက်ပျိုးရေး အသိပညာပေး စံပြစိုက်ကွင်းတစ်ခု တစ်နှစ်ပတ်လုံး သီး(၃)သီးစိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ဖြတ်သန်း စီးဆင်းသည့် အင်ဂျန်းခချောင်းရေကြီးရေလျှံမှုကြောင့် သီးနှံဆုံးရှုံးမှုမှ ကာကွယ်နိုင်ရေး ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေနှုတ်မြောင်းအဖြစ် အရှည်ပေ (၁၀၀၀၀) ကျော်အား အနက် ၅ ပေ ပြန်လည်တူးဖော်ခြင်းလုပ်ငန်း၊…