
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်း ဗန်းမော်၊ မံစီ၊ မိုးမောက် မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
ဗန်းမော် ဇူလိုင် ၃၁ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာသင်ကြားရေးလုပ်ငန်းများ လုပ်ငန်းများ အရှိန်အဟုန်မပျက် အပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင် ၃၀ ရက်က ဗန်းမော်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ နံနက် ၇ နာရီက ဗန်းမော်မြို့ ဗလမင်းထင်ဂေါက်ကလပ်တွင် ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် စိုက်ပျိုးသွားမည့် ရတနာတန်းဝင်ကျွန်းပင်၊ ခရေ၊ ပိတောက်၊ ရေတမာ၊ ပျဉ်းကတိုးပင် စုစုပေါင်းပျိုးပင် (၃၅၀)ပင်ကို ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများထံ ဖြန့်ဝေပေးအပ်ကြပြီး သတ်မှတ်နေရာ အသီးသီး၌…