ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ၊ မြို့နယ်ပညာရေးမှူး၊ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား     မေ ၃           ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့က ပူးပေါင်း၍ အားကစားနည်း ၁၈ နည်းကို သင်တန်းသား (၁၀၀၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သော ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို မေ ၃ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီအားကစားသင်တန်းများတွင် ကျောင်း သားလူငယ်များစွာ တက်ရောက်လာခြင်းသည် ပညာရေးနှင့်အားကစားကို အချိုးညီညီပေါင်းစပ်ပြီး စွမ်းရည်မြင့်မားသည့် နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာမည်ပါကြောင်း၊ အထူးသဖြင့် ဘောလုံး သင်တန်းသား(၂၀၀)ဦး၊ ဘော်လီဘောသင်တန်းသား (၁၀၀)ဦး၊ ကရာတေးဒိုနှင့် တိုက်ကွမ်ဒိုသင်တန်း သား (၁၀၀)နီးပါးတက်ရောက်ကြသည့်အတွက် သက်ဆိုင်ရာအားကစားနည်းများတွင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေသခံစီးပွားရေးလုပ်ငန်းရှင် များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲ (၂၀၂၂) အား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     မေ ၃           ကချင်ပြည်နယ်အတွင်းရှိ ဒေသခံစီးပွား‌ရေးလုပ်ငန်းရှင်များက ကြီးမှူးကျင်းပသည့် ပြည်နယ် ၏ဘောလုံးအားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဘောလုံးအသင်း ၁၂ သင်းပါဝင်ယှဉ်ပြိုင် ကြမည့် အမှတ်ပေးလိဂ်ဖလား မနောလိဂ်အမျိုးသားဘောလုံးပြိုင်ပွဲ (၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို မေ ၂ ရက် ညနေ ၃ နာရီတွင် ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်တိုင်းရင်းသား တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။           ထို့နောက် ဖွင့်ပွဲအဖြစ် နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာတစ်ဦးက ဆုတောင်းဆက်ကပ်အပ်နှံပေး ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ ဘောလုံးဝါသနာရှင်များအချင်းချင်း ချစ်ကြည်ပူးပေါင်းမှုရရှိစေရန်၊ လူငယ်လူရွယ်ဘောလုံးအားကစားသမားများ ကျန်းမာကြံ့ခိုင်မှုများ ရရှိ လာစေရန်၊ ဘောလုံးအားကစားကို ချစ်မြတ်နိုးစိတ်မှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုတိုးပွား ထက်သန်လာစေရေးအတွက် ယခုလို ကျင်းပပြုလုပ်ပေးကြသည့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ နှင့်တာဝန်ရှိသူများအားလုံးကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသစ်ခန့်အပ်ထားသည့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ ဝန်ထမ်းများ သင်တန်းဆင်းပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဧပြီ ၂၉           ကချင်ပြည်နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနက အသစ်ခန့်အပ်ထားသည့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၂  ဝန်ထမ်း(၁၀၀)ဦးတို့အား လုပ်ငန်းခွင်သင်တန်းအဖြစ် ဖေဖော်ဝါရီလမှ စတင်၍ ၃ လကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီ သင်တန်းဆင်းပွဲကို ဧပြီ ၂၉ ရက် နံနက် ၈ နာရီက ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား ဝန်ထမ်းအသစ်များအနေဖြင့် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများပီပီ မိမိနိုင်ငံ၊ မိမိလူမျိုးများ၏ အကျိုးအတွက် စိတ်စေတနာ ထက်သန်စွာဖြင့် တာဝန်ကိုလိုလားစွာ ထမ်းဆောင်ကြရန်၊ စာတွေ့(၃)လ ၊လက်တွေ့(၃)လ သင်ကြားပေးမှာဖြစ်သည့်အတွက် သင်တန်းပြီးဆုံးချိန်တွင် တာဝန်ကျရာဒေသရှိ ပြည်သူများအတွက် ကောင်းမွန်စွာအလုပ်အကျွေး ပြုကြရန် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်ဆောင်ရွက်နိုင်ကြသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မကြာမီဖွင့်လှစ်တော့မည့် ပြည်နယ်အစိုးရအဖွဲ့၏ အရေးကြီးပုဂ္ဂိုလ် (VIP)ဧည့်ရိပ်သာ(ဧရာဝတီ) ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဧပြီ ၂၈           ကချင်ပြည်နယ်အတွင်း နိုင်ငံတော်အဆင့် အရေးကြီးပုဂ္ဂိလ်များ၊ ပြည်ထောင်စုအဆင့် အကြီးအကဲများ လာရောက်သည့်အခါ တည်းခိုဧည့်ခံနိုင်ရေး မြစ်ကြီးနားမြို့ ကမ်းနားလမ်း၌ တည်ဆောက်ပြီးစီးသည့်အရေးကြီးပုဂ္ဂိုလ်(VIP)ဧည့်ရိပ်သာ(ဧရာဝတီ)အား မကြာမီဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။           ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အဆောက်အဦအတွင်း အစည်းအဝေးခန်းမငယ်၊ ဧည့်ခန်း ငယ်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အရေးကြီးပုဂ္ဂိုလ်နားနေခန်း၊ အဆင့်မြင့်အိပ်ခန်းများ၊ အစည်းအဝေးခန်းမ၊ စားသောက်ခန်း၊ ဧည့်တွေ့ခန်းမ၊ လုံခြုံရေးနှင့် ရုံးဝန်ထမ်းခန်းမများဖြင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများနှင့် ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြင်ဆင်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများကို…

Read More

ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ လျှပ်စစ် ဓာတ်အားခွဲရုံများ လည်ပတ်နေမှုနှင့် ခွဲရုံဝန်ထမ်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေး

မြစ်ကြီးနား     ဧပြီ ၂၈           ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံ များ လုပ်ငန်းလည်ပတ်မှု အခြေအနေများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးခန့်ထက်၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီတွင် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ မလိ၊ ဒဘတ်ရေအားလျှပ်စစ် ဓာတ်အားခွဲရုံသို့ သွားရောက်ပြီး ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ မန်နေဂျာ ဦးလအောင်နှင့် တာဝန်ရှိသူများ၏ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များသို့ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနေမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။           ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ၁၃၂…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်နှင့် လုံရှာယန်ဒေသခံ ပြည်သူများအား နေရပ်ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပြီး ပြည်တော်ပြန်များအား တွေ့ဆုံ အားပေးထောက်ပံ့

မြစ်ကြီးနား     ဧပြီ ၂၇           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပူတာအိုခရိုင်အတွင်းရှိ ဆွတ်ပီယန်ကျေးရွာအုပ်စုနှင့် လုံရှာယန်ကျေးရွာအုပ်စုများမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်အတွင်း ခေတ္တနေရပ်စွန့်ခွာတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်နေထိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၇ ရက် နံနက် ၈ နာရီခွဲက စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း စုရပ်ပြုလုပ်ပြီး ကျန်ရှိနေသေးသည့် အိမ်ထောင်စုများအား  နေရပ်ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။           ထိုသို့ဆောင်ရွက်ရာတွင် မနောကွင်းအတွင်း စုရပ်ပြုလုပ်၍ တတိယအသုတ်အဖြစ် ခေတ္တ နေရပ်စွန့်ခွာတိမ်း‌ရှောင်လာသော အိမ်ထောင်စု (၈၉)စု၊ လူဦးရေ (၂၄၆)ဦးတို့အား ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်လိုက်ပါပို့ဆောင်ပေးကြမည့် ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့များမှ ဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများနှင့် နေရပ်ပြန်ပြည်သူများအား ရင်းရင်း နှီးနှီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုကို အားပေးကြည့်ရှုပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

မြစ်ကြီနား      ဧပြီ ၂၅           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ ဧပြီ ၂၅ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၌ ရပ်ကွက်၊ ကျေးရွာအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။           ထိုသို့ ပမ္မတီးရပ်ကွက်နေပြည်သူများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ဝန်ထမ်း များက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကူညီမှု ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးခြင်းကို ရပ်ကွက်နေပြည်သူအားလုံးကျန်ရှိမှု မရှိစေရေး စိစစ်ထိုးနှံပေးရန်လိုကြောင်း မှာကြားပြီး   ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။           ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်သို့ သွားရောက်ပြီး ဒုတိယပါမောက္ခချုပ်၊…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဧပြီ ၂၃           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စည်ပင်သာယာ ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဧပြီ ၂၃ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့တွင်း လှည့်လည်ကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်း၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့တော်ခန်းမဝင်းအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့၏ ပျိုး ဥယျာဉ်ခြံအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့တွင်း လမ်းမများ၏ ဘေး/ဝဲယာတွင် စိုက် ပျိုးသွားမည့် သပြေဘူတ၊ ပုန်းညှက်၊ ခရေ၊ ရေတမာ၊ သပြေ၊ မန်ဂျန်ရှားစသည့် အရိပ်ရသစ်ပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အောင်ဇေရန်အောင်ဘုရား‌ရှေ့ မီးတိုင်နှင့် မြေယာရှုခင်းပြုလုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေးဘွဲ့ ပထမနှစ် စာပေးစာယူသင်တန်း(၁/၂၀၂၂) သင်တန်းသား/ သူများအား ကြိုဆိုပွဲသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     ဧပြီ ၂၂           ခေတ်မီတိုးတက်နေသော ယနေ့ခေတ်တွင် နိုင်ငံ့သားကောင်းများကို မွေးထုတ်လေ့ကျင့်ပေး ရေးသည် ဆရာ၊ ဆရာမများ၏ ပင်မတာဝန်အဖြစ် သဘောထားပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ကြောင်း ဧပြီ ၂၂ ရက် နံနက် ၉ နာရီတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ ကျင်းပ ပြုလုပ်သည့် ပညာရေးဘွဲ့(B.Ed) ပထမနှစ်စာပေးစာယူသင်တန်း(၁/၂၀၂၂) ဖွင့်ပွဲနှင့် သင်တန်းသား/ သင်တန်းသူများအား ကြိုဆိုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြား သည်။           ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၆၃၄)ဦး တို့အား ဆရာ၊ ဆရာမများ အနေဖြင့် လုပ်ငန်းခွင်မှ လာရောက်ကြသည့်အတွက် အတွေ့အကြုံ ရင့်ကျက်သူများဖြစ်၍ သင်တန်းမှ သင်ကြားသောဘာသာရပ်များကို နက်နက်နဲနဲလေ့လာသင်ယူကြ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ထမ်းသစ်များ လုပ်ငန်းခွင်အကြို သင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ စံပြစိုက်ကွက်အတွင်း သစ်စိမ်းမြေသြဇာကြဲပက်ပွဲသို့ တောင်သူများနှင့်အတူ ပါဝင်ဆင်နွှဲ

မြစ်ကြီးနား     ဧပြီ ၂၁           ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီဌာနတွင် ရာထူးတိုးမြှင့်ခန့်အပ်ပေးလိုက်သည့် ဝန်ထမ်းအသစ် များအား လုပ်ငန်းခွင်အကြိုသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၁ ရက် နံနက် ၉ နာရီတွင် ယင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများနှင့် သင်တန်းသား/ သင်တန်းသူ များအား မိမိတို့ဒေသခံ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအားလုံး အရည်အသွေး ကောင်းမွန်စွာဖြင့် ဈေးကွက်ကို တင်ပို့နိုင်ရေး၊ ကုန်ကြမ်းအနေဖြင့်သာမက ကုန်ချောအဆင့်အထိ ထုတ်လုပ်နိုင်ရေး၊ ပြုပြင်ထုတ်လုပ်လိုက်သည့် အသီးအနှံ အစားအစာများသည်လည်း အရည်အသွေး ပြည့်မီရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ ပညာ ရည်မြင့်မားမှု၊ ဒေသခံတောင်သူများအပေါ် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးနိုင်မှုသည် အဓိက…

Read More