
ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး လွယ်ဂျယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေး ခရိုင်အဆင့်တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေး
ဗန်းမော် ဧပြီ ၂၂ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဗန်းမော်ခရိုင်၊ လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေး အတွက် စီမံဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဧပြီ ၂၂ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ခရိုင်တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။ ထိုသို့ ဆွေးနွေးရာတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အချိန်ကြာမြင့်စွာ ရပ်နားထားခဲ့ရာမှ ယခုအချိန်တွင် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးထားသည့်အတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ပြီး လုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်နိုင်ရေး အလေးထားလုပ်ဆောင်သွားရေး၊ ထို့အပြင် ကုန်စည်စီးဆင်းမှုမပြတ် စေရေး၊ ယခုထက် ပိုမိုလွယ်ကူမြန်ဆန်စွာ ပို့ကုန်၊သွင်းကုန်များ တင်ပို့/တင်သွင်းပြုလုပ်နိုင်ရေး တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်…