
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေး အထူးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
မြစ်ကြီးနား မတ် ၂၄ ကချင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆိးအရေးယူနိုင်ရေးအထူးအဖွဲ့၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မတ် ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကုန်သွယ်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တရားမဝင် ဆောင်ရွက်နေမှုများကို ဖော်ထုတ် သတင်းပေးပို့စေရေးအတွက် အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်သည့်ဌာန၊ အသင်းအဖွဲ့များ နှင့်ပူးပေါင်း၍ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်း များတွင် အများပြည်သူအကျိုးစီးပွားထိခိုက်လာနိုင်သည့် ကိစ္စရပ်များအပေါ် ကာကွယ်သွားနိုင်ရေး အလေးထားကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။ ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့…