
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့ ရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ ကျင်းပနိုင်ရေး ပွဲတော်ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဒီဇင်ဘာ ၁၆ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့တွင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင် စုအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော ရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ ကျင်းပရေးအတွက် ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာပြည်မြောက်ဖျား ပိုင်းတွင်ရှိသည့် ရဝမ်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းပြီး ပြသနိုင်သည့် ရဝမ်ယဉ်ကျေးမှုပြတိုက်ကို ခမ်းခမ်းနားနား၊ အနှစ်သာရပြည့်ဝစွာဖြင့် ဖွင့်ပွဲပြုလုပ်ကျင်းပရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှု များအပြင် ဖွင့်ပွဲကျင်းပရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် ဖွင့်ပွဲကျင်းပနိုင်ရေး လိုအပ်သည့် အစီအမံများကို…