
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ကချင်ပြည်နယ်နှင့် နုကျန်း ပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
မြစ်ကြီးနား သြဂုတ် ၂၄ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ် ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ ကချင်ပြည်နယ်နှင့် နုကျန်းပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့်ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် သြဂုတ် ၂၄ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ တို့၏ နယ်နိမိတ်ထိစပ်မှုသည် (၆၁၃.၆၄)မိုင် ရှည်လျားသည့်အပြင် တရုတ်ပြည်ဘက်တွင်လည်း ကချင်နှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်လျက်ရှိသည့်အတွက် မိမိတို့သည် ဆွေမျိုးပေါက်ဖော်များပင် ဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ တွေ့ဆုံမှုသည် ကချင်ပြည်နယ်နှင့် နုကျန်းပြည်နယ်ခွဲတို့ တံခါးဖွင့် လမ်းဖွင့်၍…