
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလှူရှင်များမှ လှူဒါန်းသည့် Oxygen Concentrator များကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ပြီး အောက်စီဂျင်စက်ရုံများတည်ဆောက်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇူလိုင် ၂၆ ကချင်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် ကိုဗစ်-၁၉ အတည်ပြုလူနာများအား အောက်စီဂျင်လုံလောက်မှုရှိစေရေး၊ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးတို့အ တွက် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် အလှူရှင်များမှ လှူဒါန်းသည့် Oxygen Concentrator များကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် အောက်စီဂျင်စက်ရုံများတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းနှင့် မြန်မာ ပြည်ဖွားတရုတ်မျိုးနွယ်စုများအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်ထွန်း ဦးဆောင်အဖွဲ့မှ မြစ်ကြီးနားနှင့် ပူတာအို ပြည်သူ့ဆေးရုံများအတွက် လှူဒါန်းသည့် ငွေကျပ် ၁၄၆၅၀၀၀၀ တန်ဖိုးရှိ Oxygen Concentrator ၁၅ လုံးကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က အလှူရှင်များကိုယ်စား မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာတင်လှထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြစ်ကြီးနားဆေးရုံ အတွက် ၁၀…