ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိနိုင်ရန်အတွက် မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း တိုးချဲ့လူနာဆောင်များပြင်ဆင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၅           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်းများပြားလာ သည်နှင့်အမျှ ပိုးတွေ့အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိနိုင်ရေးတို့ အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်းတိုးချဲ့လူနာ ဆောင်များ ထပ်တိုးပြင်ဆင်ဆောင်ရွက်နိုင်ရေး ဇူလိုင် ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။           ပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများအား (၄)ထပ်ဆောင်သစ်နှင့် နှား၊ နှာခေါင်း၊ လည်ကြောင်းလူနာများ ကုသရေးအဆောင်တို့တွင် စောင့်ကြည့်၍ ကြပ်မတ်ကုသပေး လျက်ရှိရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေတို့သည် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိနိုင်ရန်အတွက် အမျိုး သားဖျားနာဆောင်နှင့် အထူးကြပ်မတ်ဆောင်တို့တွင်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းအတွက် အောက်ဆီဂျင် လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အောက်ဆီဂျင်စက်ရုံ ထုတ်လုပ်လည်ပတ်နိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၃           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် လုံလောက်သည့် ပမာဏပြည့်မီစွာရရှိရေး အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၊ မန်ခိန် ရပ်ကွက်အတွင်းရှိ အောက်ဆီဂျင်စက်ရုံလည်ပတ်မှုအခြေအနေအား ဇူလိုင် ၁၃ ရက် နံနက် ၁၁ နာရီ တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးကျော် လင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စိန်ကမ္ဘာစက်ရုံအတွင်းအောက်ဆီဂျင်ထုတ်လုပ် ရေးအတွက် စက်ကြီးများဖြင့် လည်ပတ်နေမှု၊ စက်ကြီးများကို နေ့စဉ် ၁၅ နာရီကြာ လည်ပတ်ပြီး လီတာ (၄၀)ဆံ့ အောက်ဆီဂျင်အိုးအလုံးရေ ၁၀၀ ကျော် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုအခြေအနေ များနှင့်စပ်လျဉ်း၍ စက်ရုံတာဝန်ခံ ဦးအောင်နိုင်ဝင်းနှင့် တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းပြသမှု များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားပညာရေးကောလိပ်(၄)ထပ်ဆောင် တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် သီးခြားစောင့်ကြည့်ရေးအဆောင်အဖြစ် ပြင်ဆင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၂           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ် ငန်းများအပြင် ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားပညာရေးကောလိပ်(၄)ထပ် စာသင်ဆောင်သစ် တွင် ပိုးတွေ့လူနာများအား သီးခြားစောင့်ကြည့်ရေးအဆောင်အဖြစ် ထားရှိနိုင်ရေး ဇူလိုင် ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားပညာရေးကောလိပ်(၄) ထပ်ဆောင်သစ်တွင်ပိုးတွေ့လူနာများအားသီးခြားစောင့်ကြည့်ထိန်းချုပ်နိုင်ရေးအတွက်အဆောက် အဦအတွင်း အခန်းများ ဖွဲ့စည်းမှုအခြေအနေနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်မှု ရှိ/ မရှိနှင့် အခန်းများအလိုက် လူနာများထားရှိသွားနိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဆောင်အဦအတွင်းပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ လူနာများအတွက် အသုံးအဆောင်ပစ္စည်းများ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါကာလအတွင်း IDPs Camp နေမိသားစုများ စားသောက်မှုအဆင်ပြေစေရေး ဆန်အိတ်များထောက်ပံ့

မြစ်ကြီးနား     ဇူလိုင် ၁၁           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ကိုဗစ်-၁၉ ရောဂါဖြစ် ပွားမှု များပြားလာသည်နှင့် အမျှ IDPs စခန်းနေမိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေ ရေးအတွက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ  IDPs စခန်း‌များသို့ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် ဆန်အိတ်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင် ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၊ ဇီးအုန်နှစ်ခြင်းခရစ်ယာန်ဝင်း အတွင်းရှိ IDPs စခန်း၌ မလိယန်၊ ဇီးအုန်၊ ဗက်လင် IDPs  စခန်းများမှ တာဝန်ရှိသူများနှင့် စခန်းနေ မိသားစုများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ IDPs စခန်းနေမိသားစုများ၏ နေထိုင်စားသောက်မှု…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မိုးကောင်း      ဇူလိုင် ၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင် ဦးမျိုးဆွေနှင့်အတူ မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့တို့၌ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ဇူလိုင် ၉ ရက် နံနက် ၈ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။           ရှေးဦးစွာ မိုးကောင်းမြို့၊ မြို့တော်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု နှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်ရန်ပုံငွေ ဖြင့်ဆောင်ရွက်သွားမည့်စီမံကိန်းလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း လမ်း၊ တံတား၊ စိုက်ပျိုးရေရရှိရေး၊ ရေနှုတ်မြောင်းများနှင့် ကျောက်စီရေထိန်းနံရံများ ဆောင်ရွက်ပေးရေး စသည့်လိုအပ်ချက်များကို တင်ပြကြရာ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်လက်ရွေးစင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား     ဇူလိုင် ၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ပြည်နယ် လက်ရွေးစင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်နေမှုကို ဇူလိုင် ၈ ရက် ညနေ ၄ နာရီခွဲတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲကို ပြည်နယ်ပြည်သူ့အား ကစားကွင်းအတွင်း၌ ဇွန် ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရန် လူရွေးခဲ့ရာ အဆိုပါ လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စခန်းသွင်းလေ့ကျင့်ပေးလျက် ရှိရာ လက်ရွေးစင်အသင်းဟောင်းနှင့် ယှဉ်ပြိုင်လေ့ကျင့်ကစားနေမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အမျိုးသမီးအဖွဲ့ အားကစားဆပ်ကော်မတီနယက၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီးဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၈           ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်၊ မြို့နယ်ကော်မတီများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ဇူလိုင် ၈ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးဖြစ်ပွားမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များ အနေဖြင့် မြို့နယ်အလိုက် စနစ်တကျစုဖွဲ့၍ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်ကြရေး၊ မြို့နယ်အလိုက် လိုအပ်ချက်များကိုလည်း စိစစ်တင်ပြတောင်းခံသွား ရေး၊ မိမိတို့ တိုင်းရင်းသားများ သည် အမှုမဲ့အမှတ်မဲ့နေတတ်သည့် အလေ့အကျင့်ရှိသည့်အတွက်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် Quarantine Centre များ ပြင်ဆင်‌ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၆           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် စွာဆောင်ရွက်နိုင်ရေးနှင့် ရောဂါပိုးတွေ့ရှိသူများအား စနစ်တကျထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် အတူ ဇူလိုင် ၆ ရက် မွန်းလွဲ ၃ နာရီတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်သူ့ ဆေးရုံများနှင့် Quarantine Centre များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေး ကြသည်။           မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ကုသရေးနှင့် အသွား အလာကန့်သတ်ထားရှိရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း (၄)ထပ်လူနာဆောင်သစ်၌ ပိုးတွေ့လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း လက်ရှိကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့အတွင်း ကုန်စည်စီးဆင်းမှုနှင့် ကုန်တင်ကုန်ချလုပ်ငန်းများစနစ်တကျရှိစေရေးနှင့် မြို့တွင်း အဓိကလမ်းမများ တိုးချဲ့ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၅            ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်း၌ ကုန်တင်ယာဉ်ကြီးများ ဝင်/ထွက်သွားလာမှု လျော့ ချနိုင်ရေး၊ စီတာပူရပ်ကွက် ကုန်တင်ကုန်ချစခန်းအတွင်း ကုန်တင်ကုန်ချခြင်းနှင့် သယ်ယူပို့ဆောင်‌ ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်‌နိုင်ရေးအတွက် လိုအပ်သည်များနှင့် မြို့တွင်း အဓိကကျ သည့် လမ်းမကြီးများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မလိခခန်းမ၌ ကုန်တင်ကုန်ချစခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြစ်ကြီးနားမြို့တွင်း လမ်းများပျက်စီမှုမရှိစေ‌ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကုန်တင်ကားကြီးများကို သတ် မှတ်လမ်းကြောင်းများအတိုင်း ကုန်တင်ကုန်ချစခန်း၌သာ ကုန်တင်ကုန်ချခြင်းလုပ်ငန်းများဆောင် ရွက်စေပြီး ကုန်တင်ကုန်ချစခန်းမှ တစ်ဆင့် မြို့တွင်းသို့…

Read More

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၅           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပိုမိုထိ ရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊လူမှုရေးအသင်းအဖွဲ့အသီးသီးနှင့်ပူးပေါင်းချိတ်ဆက်ဆောင် ရွက်မှု အားကောင်းခိုင်မာလာစေရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီက ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ လူမှုရေး အသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။           တွေ့ဆုံပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များ၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ကော်မတီဝင် များနှင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်း များမှ တာဝန်ရှိသူများက အသီးသီးမိတ်ဆက်ခဲ့ကြသည်။           ယင်းနောက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်အတွင်း ရောဂါ ပိုးတွေ့ရှိသူ…

Read More