ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ တွေ့ဆုံပွဲများကျင်းပပြီး ခရိုင်အတွင်း စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်
မြစ်ကြီးနား ဇန်နဝါရီ ၃၀ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗန်းမော်ခရိုင်အတွင်း မိုးမောက်မြို့နယ် နှင့် ဗန်းမော်မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပပြီး ခရိုင်အတွင်း စွမ်းစွမ်းတမံထူးချွန်စွာတာဝန်ထမ်းဆောင် ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း ကို ဇန်နဝါရီ ၃၀ ရက်တွင် ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ နံနက် ၆ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီး များနှင့်အတူ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ ဂေါက်ကွင်း၌ ဗန်းမော်ခရိုင်ဗလမင်းထင်ဂေါက်သီး ရိုက်အသင်းမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗလ မင်းထင်ဖလားအပျော်တမ်းဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ…