admin

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းမျိုးနွယ်စုအားလုံးပါဝင်သည့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား     ဧပြီ ၉           ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးပါဝင်သည့် ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ပထမဆုံးအကြိမ် အဖြစ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ဧပြီ ၈ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်သူ့အားကစားကွင်း၌ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။           အဆိုပါ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲကို ကချင်မျိုးနွယ်စု (၆)သင်း၊ ရှမ်းမျိုးနွယ်စု (၅)သင်းနှင့် ဗမာတိုင်းရင်းသား (၁)သင်း စုစုပေါင်း ဘောလုံးအသင်း (၁၂)သင်းဖြင့် မတ် ၂၅ ရက်မှ စတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲတွင် ဗိုလ်လုပွဲစဉ်အဖြစ် ဇိုင်းဝါး FC အသင်းနှင့် ဗမာ FC အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင် ပူတာအိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးပြီး ၀န်ထမ်းများနှင့်တွေ့ဆုံ

ပူတာအို ဧပြီ ၁၀           ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် တာ၀န်ရှိသူ များနှင့်အတူ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို/မချမ်းဘော့မြို့နယ်များရှိ ရပ်ကွက် ကျေးရွာများသို့ဖြန့်ဖြူးပေး လျက်ရှိသော(၃.၂)မဂ္ဂါ၀ပ်ရှိ အထက်နမ့်ထွမ်ရေးအားလျှပ်စစ်စက်ရုံမှဓါတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေ များကို ဧပြီ(၉)ရက် နံနက်(၉)နာရီကကွင်းဆင်းစစ်ဆေးသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ၌ စက်ရုံမှူး လက်ထောက် အင်ဂျင်နီယာ ဦးတေဇာလင်း၏ အထက်နမ့်ထွမ်ရေအားလျှပ်စစ် စက်ရုံမှဓါတ်အား ထုတ်လုပ်မှုအခြေအနေ၊ လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြမှုများညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပြီး ရေထိန်းကန်နှင့် ပင်မ စက်ရုံလည်ပတ်မှုအခြေအနေတို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည်  ခရိုင်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ၀န်ထမ်းများနှင့်တွေ့ဆုံကာ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနသည် ကြီးကျယ် ခမ်းနားပြီး အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုတွင်ပါ၀င်သည့် ၀န်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ ၀န်ထမ်းများ အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့်ရှေ့လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရ မှာဖြစ်ပါကြောင်း၊ဌာန၏လုပ်ငန်းများကိုတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားပြီး ခရိုင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတူးခေါင်က ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က သင်္ကြန်ကာလ ဒုလ္လဘရဟန်းခံ ဝန်ထမ်းများအား သိမ်ဆင်းလောင်းလှူပူဇော်

မြစ်ကြီးနား     ဧပြီ ၈           ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ မဟာသင်္ကြန်ကာလအတွင်း အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်း ဒုလ္လဘရဟန်းခံ အလှူမင်္ဂလာပွဲတော် ကျင်းပပြုလုပ်ခဲ့ကြပြီး ဧပြီ ၈ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ကျောင်းတိုက်၌ ဒုလ္လဘရဟန်း/ သံဃာတော်များအား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြသည်။           သိမ်ဆင်းလောင်းလှူခြင်းကို ဒုလ္လဘရဟန်းခံ သံဃာတော်များအား ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့် ခရိုင်၊ မြို့နယ်အရာထမ်း၊ အမှုထမ်းများ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် များ၊ ဒုလ္လဘရဟန်းခံဝန်ထမ်းများ၏ မိသားစုဝင်များက သိမ်ဆင်းရဟန်း ၃၈ ပါးတို့အား ဆွမ်း၊ ကွမ်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။…

Read More

ဖားကန့်ဒေသတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရေးနှင့် ဒေသပြန်လည်စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ အလေးထားလုပ်ဆောင်ရန်လိုအပ်

မြစ်ကြီးနား     ဧပြီ ၇           ကချင်ပြည်နယ်အတွင်း ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသတစ်ခုဖြစ်သည့် ဖားကန့် ဒေသတွင် သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်ရေးနှင့် ဒေသပြန်လည်စိမ်းလန်း စိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ အလေးထားလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဧပြီ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည့် ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဥရုချောင်း ရှင်းလင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မှာကြားခဲ့ ကြောင်းသိရှိရသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဖားကန့်ဒေသတွင် နှစ်စဉ် မိုးရာသီရောက်တိုင်း ဥရုချောင်း ရေကြီးရေလျှံမှုဖြစ်စဉ်များ၊ မြေစာပုံလျှောကျမှုဖြစ်စဉ်များစသည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ယခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းအတွက် ပျိုးပင်များနှင့် ရန်ပုံငွေများ…

Read More

မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်အပါအဝင် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

မြစ်ကြီးနား     ဧပြီ ၈           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက် သင်္ကြန်ပွဲတော်ပါ ထည့်သွင်းကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။           သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမ ရှေ့၌  ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် ရေကစား မဏ္ဍပ်ကို စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းကျော်ဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်အတွင်းနှင့် ဧရာဦးပန်းခြံအထိ ကမ်းနား လမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ပါ ထည့်သွင်းကျင်းပနိုင်ရေးကိုလည်း ပုသိမ်ထီး များဖြင့် အလှဆင် ချိတ်ဆွဲထားပြီး ရေပန်းပိုက်များတပ်ဆင်၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။…

Read More

ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်မှု ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီး

မြစ်ကြီးနား     ဧပြီ ၆           ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်မှု ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ဧပြီ ၆ ရက် နံနက် ၉ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည့် ပြည်နယ်အဆင့်ပန်းခင်းစီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးမှ သိရှိရသည်။           အဆိုပါအစည်းအဝေးတွင် ပြည်နယ်အဆင့်ပန်းခင်းစီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ စတင်၍ ယနေ့အထိ ဆောင်ရွက်ပေးရမည့် လူဦးရေစုစုပေါင်း (၂၀၁၃၆၆)ဦး အနက် (၁၆၂၃၃၆)ဦးကို ထုတ်ပေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ရာခိုင်နှုန်းအားဖြင့် (၈၀.၆၂)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ကျန်ရှိသည့် (၃၉၀၃၀)ဦးအတွက်ကိုလည်း စီမံချက်သတ်မှတ်…

Read More

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ၆၃ ရာခိုင်နှုန်းကျော် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း ဧပြီလကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     ဧပြီ ၆           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ၆၃ ရာခိုင်နှုန်းကျော် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း ဧပြီလကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ခရိုင်၊ မြို့နယ်ကော်မတီများ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း အသက် (၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ (၉)သိန်းကျော်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၆၃.၂၀ ရာခိုင်နှုန်းထိုးနှံပြီးဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်ပြီး ကျန်ရှိနေသည့် ပြည်သူများအား သတ်မှတ်ချိန်အမီ အပြီးထိုးနှံနိုင်ရေး အခက်အခဲ၊ အကြပ်အတည်း၊ အားနည်းချက်များကို မိမိတို့အစိုးရအဖွဲ့နှင့်အတူတကွ ညှိနှိုင်းပေါင်းစပ်၍ ရာနှုန်း…

Read More

ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အေးချမ်းပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၅           ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့်ဆပ်ကော်မတီ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ဧပြီ ၅ ရက် ညနေ ၃ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည်။           ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်္ကြန်ပွဲတော်သည် အများပြည်သူအားလုံး ပါဝင်ဆင်နွှဲသည့် ပွဲတော်ဖြစ်သည့်အတွက် တည်တည် ငြိမ်ငြိမ်ဖြင့် အေးချမ်းလုံခြုံပျော်ရွှင်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ထို့အပြင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်ကူးကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီအသီးသီးအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန် များ ကို ကျေပွန်စွာဖြင့် ပူးပေါင်းချိတ်ဆက်…

Read More

ချီဖွေမြို့၊ ကန်ပိုင်ယန်ရပ်ကွက်သို့ နေရပ်စွန့်ခွာပြည်သူများ အမြန်ဆုံးပြန်လည်နေရာချထား ပေးနိုင်ရေး စီမံဆောင်ရွက်

မြစ်ကြီးနား     ဧပြီ ၅           ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့ပေါ်ရှိ နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်း အမှတ် (၁) နှင့် အမှတ်(၂)နေ အိမ်ထောင်စုများအား ၎င်းတို့၏ နေရပ်ကန်ပိုင်ယန်ရပ်ကွက်သို့ အမြန်ဆုံး ပြန်လည် နေရာချထားပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် (၆)လတာကာလအတွင်း အိမ်ထောင်စု (၄၉)စု၊ လူဦးရေ (၅၀၀)ကျော်ကို ပြောင်းရွှေ့ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများနေ ပြည်သူများ…

Read More

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် မြစ်ကြီးနားမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံ၊ ပြန်ကြားရေးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဧပြီ ၃           ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဧပြီ ၃ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံအား ကြည့်ရှုစစ်ဆေးသည်။           ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ (မြစ်ကြီး နား)သို့ သွားရောက်ပြီး ကချင်ပြည်နယ်အတွင်း ရုပ်သံထပ်ဆင့်ထုတ်လွှင့်ခြင်း လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တိုင်းရင်းသားဘာသာ)အစီအစဉ်အတွက် မြစ်ကြီးနားသတင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ စက်ရုံ တာဝန်ခံ ဦးအောင်ကျော်ဇင်၏ ရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီး က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး…

Read More