ကချင်ပြည်နယ်သယံဇာတရေးရာ၀န်ကြီး နောင်မွန်းမြို့ ၌ ဌာနဆိုင်ရာများအဖွဲ့အစည်းများ၊ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ပူတာအို ဇွန် ၁၉ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာ၀န်ခံ ပြည် နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် အခြေခံပညာအထက်တန်းကျောင်း (နောင်မွန်း)ခန်းမ၌ မြို့နယ်အဆင့်ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ရပ်မိရပ်ဖများ၊ ကျောင်းဆရာ/မများနှင့် ဇွန်(၁၆)ရက် နံနက် (၁၀)နာရီက တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်က ဌာနဆိုင်ရာများ အနေဖြင့် စေတနာ၊ ဝါသနာ၊မေတ္တာထားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုကြိုးပမ်းဆောင် ရွက်ကြရေး၊ ရပ်မိရပ်ဖများအနေ ဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရေးတိုက်တွန်းပြောကြားပြီး ရပ်မိရပ်ဖများ၊ ဒေသခံများ၏ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ် ရေး၊ လျှပ်စစ်မီးလင်းရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့် လင်းရင်းနှီးစွာ ဆွေးနွေး ဆောင် ရွက်ခဲ့ကြပြီး…