ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံ၊ နွေစပါး/ မိုးစပါးစိုက်ပျိုးရိတ်သိမ်းမှု အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး၊ တပ်ကုန်း(ကြာရာပတ္တီး-ဘီ) အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့် ကြက်ဥများ ထောက်ပံ့
မြစ်ကြီးနား အောက်တိုဘာ ၂၅ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် နွေစပါး/ မိုးစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် မြို့နယ်အလိုက် အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်ခဲ့မှုကြောင့် ဆန်ဖူလုံမှုရှိသော်လည်း စားဆီဖူလုံမှုမှာ လိုအပ်ချက်များစွာ ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးဧကများ တိုးချဲ့ဖော်ထုတ်ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ တိုးချဲ့ထောက်ပံ့ပေးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်လျက်ရှိပါကြောင်း၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများအနေဖြင့်လည်း မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး စာရင်းကောက်ယူခြင်း၊ ကူညီဆောင်ရွက်ခြင်းများကို ကြိုးစားဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်…