ကချင်ပြည်နယ်ဝန်ကြီးချူပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း ကြက်နှင့်ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြည်နယ်ရန်ပုံငွေဖြင့် မော်ဖောင်းကျေးရွာကွက်သစ် ဖော်ထုတ်နေမှုအား ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား မတ် ၉ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည် နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၉ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် မော်ဖောင်းကျေးရွာ ကွက်သစ်ဖော်ထုတ်နေမှုများအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ငအိုးကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရင်းနှီးမတည်ပေးမှုဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိသော တောင်သူ ဦးဆင်ဝါးနော်၏ မွေးမြူရေးခြံ၌ အသားတိုးဝက်ကောင်ရေ (၉၀) မွေးမြူထားရှိမှု၊ ကြက်ခြံများအတွင်း အသားစားကြက်ကောင်ရေ (၃၀၀၀)မွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အသားစားကြက်များ တိုးချဲ့မွေးမြူနိုင်ရေး ကြက်ခြံသစ်တည်ဆောက်သွားမည့် အစီအစဉ်များနှင့် ကြက်သားပေါက်များ မှာယူရရှိရေး၊ ကြက်စာနှင့်မွေးမြူရေးဆေးဝါးများ ပံ့ပိုးကူညီပေးနိုင်ရေး…