ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားစာစစ်ဌာနများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဒုတိယနေ့(အင်္ဂလိပ်စာ)အေးချမ်းစွာဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေး၊ ဌာနဆိုင်ရာညွှန့်ပေါင်းအသင်းနှင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်
မြစ်ကြီးနား မတ် ၉ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုနိုင်ငံတစ်ဝှမ်း မတ် ၈ ရက်နေ့စတင် ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်အတွင်းမှာလည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ပေါင်း ၃၂ ခုဖြင့် ဖြေဆိုလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ စာမေးပွဲဒုတိယနေ့ (အင်္ဂလိပ်စာ)ကို အေးချမ်းစွာဖြေဆိုနေ ကြသော ကျောင်းသား/ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့သို့ လှည့်လည်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာစစ် ဌာန (၂) ခုဖွင့်လှစ်၍ စာရင်းရှိကျောင်းသား/ကျောင်းသူ ၁၁၅၇ ဦးမှ…