
ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရပ်ကွက်/ကျေးရွာတည်နေရာ(Point)များ ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်
မြစ်ကြီးနား ဇူလိုင် ၂၅ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း နှင့် ရပ်ကွက်/ကျေးရွာတည်နေရာ (Point)များ ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ စဉ်ဆက်မပြတ် ရရှိနိုင်ရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ သန်းခေါင်စာရင်းများကို ကောက်ယူရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းအတွက် ယနေ့ ဖွင့်လှစ်သည့် ရပ်ကွက်/…