admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမ ဆောင်များနေ ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဇူလိုင် ၁၀           ၂၀၁၉ -၂၀၂၀ ၊ ၂၀၂၁ – ၂၀၂၂ ၊  ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်များအတွက် မြစ်ကြီးနားတက္ကသိုလ်၌ ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမဆောင်များတွင် နေထိုင်၍ ပညာသင်ကြားလျက်ရှိ သော အဆောင်နေကျောင်းသား/ ကျောင်းသူများအား  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဇူလိုင် ၉ ရက် ညနေ ၆ နာရီခွဲက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့သည်။           တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို တက္ကသိုလ်တွင် ပညာရပ်အသီးသီးကို သင်ယူ ဆည်းပူးနေစဉ်ကာလအတွင်း ကျောင်းဆောင်တွင် အတူနေထိုင်ခွင့်ရရှိပြီး အသိပညာ၊ အတတ်ပညာ အလိမ္မာများတိုးပွားအောင် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့အပြင် ပြည်နယ်နှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စု (၆)စုတို့အား ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၉            ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဂျာမိုင်ကောင်း ကတ်သလစ်အသင်းတော်နှင့် မန်ခိန်နှစ်ခြင်းအသင်းတော်များမှ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်းနေ အိမ်ထောင်စု (၆)စု၊ လူဦး ရေ ၃၉ ဦးတို့အား ၎င်းတို့ဆန္ဒအရ မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထား ပေးရာ ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီက ကျေးရွာဘက်စုံသုံးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ၌ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်းနေ အိမ်ထောင်စုများ အား ပြောင်းရွှေ့နေရာချထားပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်းအခမ်းနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အနေဖြင့် နေရပ်စွန့်ခွာစခန်းနေပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေး‌၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ယနေ့ ပြောင်းရွှေ့နေရာချထားပေးသည့် မိသားစုဝင်များအနေဖြင့် နေရာသစ်တွင် လိုအပ် ချက်များရှိနေမည်ဖြစ်သော်လည်း…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံဂုဏ်ဆောင်အားကစားသမားများနှင့် အောင်ပွဲရပြည်နယ် လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၉           ၂၀၂၂ ခုနှစ် ၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည့် ကချင်ပြည်နယ်မှ နိုင်ငံလက်ရွေးစင်အားကစားသမားများနှင့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများ တံခွန်စိုက်ဒိုင်းဆုရ ပြည်နယ်လက်ရွေးစင်အမျိုးသမီးဘောလီ ဘောအသင်း၊ အောင်ပွဲရကစားသမားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင် ၈ ရက် ညနေ ၆ နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။           ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို နိုင်ငံ့ဂုဏ် နှင့် ပြည်နယ်၏ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးကြသည့် ကစားသမားများအားလုံး၏ စွမ်းဆောင် နိုင်မှုများကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အားကစား အဆင့်အတန်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသားကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     ဇူလိုင် ၇           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးတည် အုပ်စု အလိုက် ကိုဗစ်ကာကွယ်ဆေးများ လွှမ်းခြုံထိုးနှံပေးလျက်ရှိရာ ဇူလိုင် ၇ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အောက် ကျောင်းသားကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ပြည်နယ်    ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မြတ်သက်ဦးနှင့် တပ်မတော်အရာရှိ ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ကျောင်းခန်းမ၌ ကလေးငယ်များအား ကျန်းမာရေး ဝန်ထမ်းများနှင့် တပ်မတော်ဆေးအဖွဲ့များ၊ သူနာပြုများက ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုကို…

Read More

မြစ်ကြီးနားမြို့၌ Mini Shopping Center နှင့် ရုပ်ရှင်ရုံငယ် တည်ဆောက်နေမှုအခြေအနေအား ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၇           ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၆ ရက်နေ့ မွန်းလွဲ (၂)နာရီက မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်အတွင်း Mini Shopping Center နှင့် ရုပ်ရှင်ရုံငယ် တည်ဆောက် နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ Mini Shopping Center နှင့် ရုပ်ရှင်ရုံငယ် တည်ဆောက်နေမှုကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက အဆောက်အဦအား တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဂင်လွမ်းကုမ္ပဏီ ဒါရိုက်တာ JZဒေါင်လွမ်းနှင့် တာဝန်ရှိသူများ၏ Mini Shopping Center အတွင်း ကလေးကစားကွင်း၊ စျေးဆိုင်ခန်းများ၊ အားကစားရုံ၊ လူဦးရေ ၁၂၀၀ ဝင်ဆံ့သည့် မီနီရုပ်ရှင်ရုံ၊ စားသောက်ဆိုင်ခန်းများနှင့် Roof Top Sky…

Read More

မြစ်ကြီးနားမြို့စီးပွားရေးဖွံ့ဖြိုးရေးဇုန်စီမံကိန်း မြေနေရာနှင့် စပ်လျဉ်း၍ မြေယာသီးနှံလျော်ကြေး ပေးအပ်နိုင်ရေး ပြည်နယ်စီးပွာ‌ရေးရာဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၇           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအုပ်စုအတွင်း မြစ်ကြီးနားမြို့စီးပွားရေး ဖွံ့ဖြိုးရေးဇုန် စီမံကိန်းမြေနေရာနှင့် စပ်လျဉ်း၍ မြေယာသီးနှံလျော်ကြေးပေးအပ်နိုင်ရေးအတွက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များ၊ မြေယာပိုင်ရှင်များနှင့် ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းဘက်စုံပူးပေါင်းညှိ နှိုင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးမျိုးဆွေက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/ သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ မြစ်ကြီးနားစီးပွား‌ဖွံ့ဖြိုး ရေးဇုန် စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် လျာထားမြေနေရာနှင့် စပ်လျဉ်း၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာသီးနှံလျော်ကြေးပေးအပ်နိုင်ရေးအတွက် ပွင့်ပွင့်လင်းဆွေးနွေး ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက် စီးပွားရေးဖွံ့ဖြိုးမှုဇုန်အကောင်အထည်ဖော်ဆောင်ရွက်မည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိစေရေး ညှိနှိုင်းဖြန်ဖြေပေးရမည့် လုပ်ငန်များ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၆           ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေး၊ ညှိနှိုင်းဖြန်ဖြေဆေင်ရွက်ရမည့်ကိစ္စရပ် များအပေါ် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ်ညှိနှိုင်း ဖြန်ရေးအဖွဲ့(KNT)ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၆ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့နိုင်ငံ၏ နိုင်ငံ ရေးအပြောင်းအလဲကာလမှ စတင်ပြီး အတွေးအခေါ်ခံယူချက်မတူညီမှုများအပေါ် အများပြည်သူ လက်ခံနားလည်စေပြီး ပြည်နယ်တည်ငြိမ် အေးချမ်းမှုရှိစေရေး၊ မိမိတို့တိုင်းရင်းသားများ နစ်နာမှုမရှိ စေရေးတို့အတွက် ယနေ့အထိ ညှိနှိုင်းဖြန်ဖြေကူညီဆောင်ရွက်ပေးကြသည့် ပြည်နယ်ညှိနှိုင်းဖြန်ဖြေ ရေးအဖွဲ့(KNT)အဖွဲ့ဝင် တစ်ယောက်ချင်းစီကို ချီးကျူးဂုဏ်ယူပါကြောင်း၊ မိမိတို့အနေဖြင့်လည်း လို အပ်ချက်များပံ့ပိုးကူညီဆောင်ရွက်နေသကဲ့သို့ ဆက်လက်၍လည်း လိုအပ်ချက်များအပေါ် ဖြည့် ဆည်းပေးနိုင်ရေးစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသအကျိုး၊ပြည်နယ်အကျိုး အတွက် ဥပဒေ၊မူဘောင်များနှင့်အညီ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်အတူ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများအား တွေ့ဆုံ

မြစ်ကြီးနား     ဇူလိုင် ၅           ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ်တာဝန်ခံ ဦးတင်မောင်ဆွေတို့သည် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ဇူလိုင် ၅ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။            ထို့သို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါအတိုင်း လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု အတိအလင်းကြေညာ ထားပြီးဖြစ်ပါကြောင်း၊  ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်…

Read More

မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၄           ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အများပြည်သူပူးပေါင်းပါဝင်မှုဖြင့် ကျင်းပပြုလုပ်နိုင်ရေး အတွက် ယနေ့ မွန်းလွဲ ၂ နာရီက ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာ စကားပြောကြားသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိရန်၊ အချုပ်အခြာအာဏာနှင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံ့ ခေါင်းဆောင်ကြီးများ၏ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးနှင့် အများပြည်သူ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန်လိုကြောင်းနှင့်…

Read More

မြစ်ကြီးနားမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်၊ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၄           ကချင်ပြည်နယ်အမျိုးသမီးကော်မတီက ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက် နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများအနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ထူးချွန်အမျိုးသမီး များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို  ယနေ့ နံနက် ၁၀ နာရီ က မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ပေါင်းစုညီညာအမျိုးသမီးရေးရာ သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က မိမိတို့ ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်မကျန် အရပ်ဒေသအသီးသီးမှာ နေထိုင်ကြသည့် အမျိုးသမီးများအားလုံး နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး၊ တန်းတူညီမျှ အခွင့်အရေးရရှိရေးတို့အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများကို နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာဌာနအဖွဲ့အစည်း…

Read More