admin

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇွန် ၂၃           ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းသားသမီးကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းသုံးပစ္စည်း များနှင့် လုပ်သားဝန်ထမ်းများအတွက် မိုးကာအင်္ကျီနှင့် ခမောက်များပေးအပ်ခြင်း အခမ်းအနား ကို ဇွန် ၂၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးတို့က ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ငွေကြေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမှုဆောင်အရာရှိတို့က ဝန်ထမ်းသား/သမီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်နှင့် တက္ကသိုလ်တက်ရောက်လျက် ရှိသည့်ကျောင်းသား/ကျောင်းသူ(၁၀၆)ဦးတို့အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေကျပ်(၁၄၉၅၀၀၀)…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ လယ်ယာမြေများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား   ဇွန် ၂၃ ကချင်ပြည်နယ်အတွင်းရှိ လယ်ယာမြေများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်ရည်ရွယ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုကြောင်း  ဇွန် ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့်  ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)တွင်  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မိမိတို့နိုင်ငံနှင့်မိမိတို့ပြည်နယ်၏ အသက်သွေးကြောဖြစ်သည့်လယ်ယာ မြေစီမံခန့်ခွဲမှုသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ပြည်နယ်အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍ တိုးချဲ့စိုက်ပျိုးရန်အတွက် မြေလွတ်မြေရိုင်းများသည်လည်း ဧကသန်းပေါင်းများစွာ ကျန်ရှိနေ ပါကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးအတွက် လယ်ယာမြေလုပ်ကိုင်ခွင့်ပြုနိုင်ရေး ပုံစံ-၇ များကို စိစစ်ထုတ်ပေးနေသကဲ့သို့ နိုင်ငံတော်နှင့် ဒေသအကျိုးအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ရိုးရာလက်ဝှေ့ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား   ဇွန် ၂၂ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်   မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက် မြန်မာပြည်)မှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန့်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကို ဇွန် ၂၁ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြန့်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က တာဝန်ရှိ သူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဒိုင်အဖွဲ့ဝင်များနှင့် ကြီးကြပ်ရေး အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် တွဲဆိုင်းငါးတွဲ၏ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်မှုကို ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က တွဲဆိုင်း အလိုက်ကစားသမားများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က  အာရှနဂါး(ကျားဖြူ)…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများအတွက် အခြေခံစက်ချုပ်သင်တန်း တက်ရောက်ဖွင့်လှစ်ပေးပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     ဇွန် ၂၁           ကချင်ပြည်နယ်၊တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီဌာနနှင့် အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ လုပ်ကိုင်နိုင်ပြီး မိသားစုစားဝတ် နေရေး အဆင်ပြေလာစေရန်နှင့်ကိုယ်ပိုင်တိုင်းရင်းသားလုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်ရေးအတွက် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲကို ဇွန် ၂၁ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ရက်ကန်းသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။           ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းရင်းသားရေးရာဝန်ကြီး ဌာနအနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် တို့ပါဝင်သော လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိရန် ဦးတည်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယနေ့ တိုင်းရင်းသူများအနေဖြင့် သင်ကြားပေးသည့် စက်ချုပ်ဆိုင်ရာဘာသာရပ်များ…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်ငွေလုံးငွေရင်းဘတ်ဂျတ်ဖြင့် ဝယ်ယူသော ရုံးသုံးစက်ကိရိယာပစ္စည်းများအား ပြည်နယ်/ ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အတွက် ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇွန် ၂၀           ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊မတ်လအထိ ပြည်နယ်ငွေလုံးငွေရင်းဘတ်ဂျက်ဖြင့်ဝယ်ယူခဲ့သော ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၀ ရက် နံနက် (၁၀)နာရီက ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနရုံး မနောမြေအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများအတွက် ရုံးလုပ်ငန်းဆိုင်ရာများကို အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်နိုင်ရေး၊ အခမ်းအနားများအသုံးပြုရန်နှင့် အားကစားကွင်းများ မြေညှိပြုပြင်နိုင်ရေး စက်ကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အတွက် တာဝန်ခံအရာထမ်းများ အနေဖြင့် ပစ္စည်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ တန်ဖိုးရှိရှိ အသုံးချရန်နှင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ မျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။…

Read More

ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး(ဆင့်ပွား)သင်တန်းဖွင့်လှစ်

မြစ်ကြီးနား     ဇွန် ၂၀           ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဌာနဆိုင်ရာအဖွဲ့အစည်း ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရေန် ရည်ရွယ်၍ ပြည်နယ်တရားမဝင်ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ဇွန် ၂၀ ရက် နံနက် ၉ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဖွင့်ပွဲတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဗဟိုကော်မတီ နာယက၊ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုလျော့နည်း ပပျောက်ရေးအတွက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက် များအပေါ် လိုက်နာပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အတွက် ရသင့် ရ ထိုက်သော အခွန်အခများ ပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ ကြက်‌ပေါင်ခြံရပ်ကွက်အတွင်း ရေဘေးသင့် မိသားစုများအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့

မြစ်ကြီးနား     ဇွန် ၁၉           ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိရာ ဧရာဝတီမြစ်ရေသည် ယမန်နေ့ ညက စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာအောက် ၉၆၀ စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းဖြစ်သည့် ကြက်ပေါင်ခြံရပ်ကွက် နယ်မြေ (၈)နှင့် နယ်မြေ (၉)တို့တွင် ဧရာဝတီမြစ်ရေနှင့် မိုးရေများဝင်ရောက်မှုကြောင့် အိမ်ထောင်စု (၁၇)စု၊ လူဦးရေ (၈၉)ဦးတို့အား ရေဘေးလွတ်ရာနေရာများတွင် ခေတ္တရွေ့ပြောင်းထားရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရေဘေးသင့်မိသားစုများအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ကြက်ပေါင်ခြံရပ်ကွက် နယ်မြေ (၉)မှ ရေဘေးသင့်အိမ်ထောင်စု (၁၀)စု၊ လူဦးရေ (၄၈)ဦးတို့အား ခေတ္တပြောင်းရွေ့နေရာချထားပေးသည့် ပြည်ခိုင်ဖြိုးရုံးသို့…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ပူတာအိုလေဆိပ်၌စုပေါင်းသန့်ရှင်းရေးဆောင် ရွက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

ပူတာအို ဇွန် ၁၉  ကချင်ပြည်နယ်၊ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေး တာ၀န်ခံ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦး တိန့်ဆောင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခေါင်လန်ဒီး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူ ဇွန်(၁၈)ရက် နံနက်(၇)နာရီက နယ်မြေခံတပ်မတော်သားများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှု ရေးအသင်းအဖွဲ့များက ပူတာအိုလေဆိပ် လေယာဉ်ပြေးလမ်းအရှေ့ဘက်ရှိ ချုံနွယ်များခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်း စုပေါင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။           ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့ ပူတာအိုလွင်ပြင်ပတ်လမ်းအား  ၂၀၂၁- ၂၀၂၂ဘဏ္ဍာနှစ် မီနီဘတ်ဂျက် ပြည်နယ်ခွင့်ပြုရန်ပုံ ငွေဖြင့် လမ်းအရှည် တစ်မိုင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ လမ်းဦးစီးဌာန၏ ပူတာအို-မချမ်းဘော့-နမ့်ခမ်း-နောင်မွန်းလမ်းပိုင်းတွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် လမ်း အရှည် လေးဖာလုံ၊ အကျယ်(၁၈)ပေရှိ ကွန်ကရစ်လမ်းခင်းပေးနိုင်ရေးနှင့် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် စက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်းသွားလမ်းအရှည်ပေ(၁၆၀၀)အား ကွန်ကရစ်လမ်းဆောင်ရွက်‌ပေးနိုင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ကြည့်ရှုအားပေးပြီး မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအသင်းကချင်ပြည်နယ် တာဝန်ခံရုံး(Myanmar Rescue Kachin)အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဇွန် ၁၈           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာအဖွဲ့အစည်း များ၊ တပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက် ၈ နာရီတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိစစ်သည်များနှင့် တပ်မတော်သားမိသားစုများ စုပေါင်း၍ ကျောင်းဝင်းအတွင်းရှိ သစ်ပင်ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာ၀န်ကြီး နောင်မွန်းမြို့ ၌ ဌာနဆိုင်ရာများအဖွဲ့အစည်းများ၊ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပူတာအို ဇွန် ၁၉      ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာ၀န်ခံ ပြည် နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် အခြေခံပညာအထက်တန်းကျောင်း (နောင်မွန်း)ခန်းမ၌ မြို့နယ်အဆင့်ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ရပ်မိရပ်ဖများ၊ ကျောင်းဆရာ/မများနှင့် ဇွန်(၁၆)ရက် နံနက် (၁၀)နာရီက တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။         ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်က ဌာနဆိုင်ရာများ အနေဖြင့် စေတနာ၊ ဝါသနာ၊မေတ္တာထားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုကြိုးပမ်းဆောင် ရွက်ကြ‌ရေး၊ ရပ်မိရပ်ဖများအနေ ဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြ‌ရေးတိုက်တွန်းပြောကြားပြီး ရပ်မိရပ်ဖများ၊ ဒေသခံများ၏ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ် ရေး၊ လျှပ်စစ်မီးလင်းရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့် လင်းရင်းနှီးစွာ ဆွေးနွေး ဆောင် ရွက်ခဲ့ကြပြီး…

Read More