နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား သြဂုတ် ၃၀ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး၊ ဘဏ္ဍာလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ မတည်ငွေကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းလုပ်ငန်းများအတွက် လုပ်ငန်းစဉ်စနစ်များ ရေးဆွဲပြီး စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားနိုင်ရေး၊ သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းတာဝန်များအလိုက် စနစ် တကျစီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ …