ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးစပါးစံပြစိုက်ကွက်များ တစ်ဧကတင်း ၁၀၀ ကျော်ထွက်ရှိမည့် အခြေအနေနှင့် တစ်နှစ်ပတ်လုံး သီးထပ်သီးနှံနေကြာအပါအဝင် တစ်နှစ်(၃)သီး စိုက်ပျိူးထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစံပြစိုက်ကွက်နှင့် မျိုးသန့်မျိုးစေ့ထုတ် စံပြစိုက်ကွက်များအတွင်း တစ်ဧကတင်း ၁၀၀ အထက် အထွက်နှုန်းတိုးပွားလာ မည့်အခြေအနေနှင့် သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးသွင်းအား စုနှင့် ရေအရင်းအမြစ်ရရှိရေးအတွက် အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း တစ်ဧက ၁၀၀ တင်း ၁၀၀ ကျော် ထွက်ရှိရေး စိုက်ပျိုးထားခဲ့သည့် ဆင်းဧကရီ-၃ မိုးစပါးများ ရင့်မှည့်၍ အောင်မြင်ဖြစ်ထွန်းနေမှု အခြေ အနေများနှင့် ယခင်နှစ်အထွက်နှုန်းထက် တစ်ဧကလျှင်တင်း…