ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက်(၂၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
မြစ်ကြီးနား မေ ၁၃ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၃ ရက်မှ စတင်၍ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပလျက်ရှိရာ မေ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်ဘောလုံး အသင်းနှင့် ပူတာအိုခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်အသင်းနှင့် ပူတာအိုခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက တစ်ခဲနက်အားပေးကြည့်ရှုခဲ့ကြပြီး ပင်နယ်တီ အဆုံးအဖြတ်ဖြင့် မြစ်ကြီးနားခရိုင်အသင်းက (၅)ဂိုး (၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။ […]ဆက်လက်ဖတ်ရှူရန်