ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2” ပြိုင်ပွဲအတွက် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင် အဆိုရှင်များ ရွေးချယ်ဆုချီးမြှင့်ပွဲသို့ တက်ရောက်
မြစ်ကြီးနား သြဂုတ် ၁၄ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွား မည့် “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2” ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကချင်ပြည်နယ်အတွင်းရှိ ဝါသနာရှင်များအတွက် သီချင်းဆိုပြိုင်ပွဲနှင့် လူရွေးချယ်ပွဲကို သြဂုတ် ၁၃ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါတေးသီချင်းဆိုပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တေးသီချင်း ဆို ဝါသနာရှင် လူငယ်၊ မောင်မယ်များအနေဖြင့် ပြည်နယ်ကိုယ်စားပြုရွေးချယ်သွားမည်ဖြစ်သည့် အတွက် အကောင်းဆုံးယှဉ်ပြိုင်ကြရန်နှင့် ပြည်နယ်ကိုယ်စားပြု ရွေးချယ်ခံရသူများကိုလည်း မိမိတို့ အနေဖြင့်လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်း မှာကြားသည်။ ထို့နောက်…