ကချင်ပြည်နယ်စီးပွားရေးရာ၀န်ကြီး ပူတာအိုမြို့နယ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး၊ဌာနဆိုင်ရာ၀န်ထမ်းများနှင့် တွေ့ဆုံ
ပူတာအို ဇူလိုင် ၁ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေသည် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၃၀)ရက်တွင် ပူတာအိုမြို့နယ်အတွင်း ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုကွင်းဆင်းစစ်ဆေးပြီး ဌာနဆိုင်ရာ၀န်ထမ်းများနှင့်တွေ့ဆုံသည်။ ရှေးဦးစွာ ပြည်နယ်၀န်ကြီးနှင့်တာ၀န်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၁၄၉၈.၀၀၀)သန်းဖြင့် ပူတာအိုခရိုင်စုပေါင်းရုံး လေးထပ် RC အဆောက်အအုံဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းပိုင်းများ သတ်မှတ်ချက်များနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရေးမှာကြား ခဲ့သည်။ ယင်းနောက် ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို) ကျောင်းခန်းမ၌ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်၊ တာ၀န်ရှိသူများ၏ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို)နှင့်အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဘဏ္ဍာနှစ်အလိုက် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ…