ကချင်ပြည်နယ်ဝန်ကြီးချုပ်က ရွှေမိုးတောင်ဘုရားပရဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပြီး ပြည်နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာလိုအပ်ချက် ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား စက်တင်ဘာ ၂၅ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ ရွှေမိုး တောင်ဘုရားပရဝုဏ်အတွင်းစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ပြည်နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာလိုအပ်ချက် ပြည့်မီစွာဖြည့် ဆည်းပေးနိုင်ရေးတာဝန်ရှိသူများနှင့်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို စက်တင်ဘာ ၂၅ ရက် တွင် ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနား ကျေးရွာအုပ်စုရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ပရဝုဏ်အတက်/အဆင်းလမ်း များရှိသစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ရှင်းလင်းကောက်ယူခြင်းလုပ်ငန်း များကို ဝိုင်းမော်မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီ ရေးအသင်းအဖွဲ့များနှင့်အတူ တစ်ပျော်တစ်ပါးစုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူမှုကူညီရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ဌာနဆိုင်ရာများနှင့် လူမှု ကူညီရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။…