ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားပညာရေးကောလိပ်(၄)ထပ်ဆောင် တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် သီးခြားစောင့်ကြည့်ရေးအဆောင်အဖြစ် ပြင်ဆင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇူလိုင် ၁၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ် ငန်းများအပြင် ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားပညာရေးကောလိပ်(၄)ထပ် စာသင်ဆောင်သစ် တွင် ပိုးတွေ့လူနာများအား သီးခြားစောင့်ကြည့်ရေးအဆောင်အဖြစ် ထားရှိနိုင်ရေး ဇူလိုင် ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားပညာရေးကောလိပ်(၄) ထပ်ဆောင်သစ်တွင်ပိုးတွေ့လူနာများအားသီးခြားစောင့်ကြည့်ထိန်းချုပ်နိုင်ရေးအတွက်အဆောက် အဦအတွင်း အခန်းများ ဖွဲ့စည်းမှုအခြေအနေနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်မှု ရှိ/ မရှိနှင့် အခန်းများအလိုက် လူနာများထားရှိသွားနိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဆောင်အဦအတွင်းပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ လူနာများအတွက် အသုံးအဆောင်ပစ္စည်းများ…