ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့တက္ကသိုလ်ဝင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့်ထားနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ကူညီပါဝင်ဆောင်ရွက်နေသူများအား ထောက်ပံ့ပေးအပ်
မြစ်ကြီးနား ဇူလိုင် ၂၅ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်အတွင်းရှိ အဆောင်များ တွင်ကိုဗစ်-၁၉အတည်ပြုလူနာများအတွက် သီးသန့်ထားစောင့်ကြည့်ကုသပေးသွားမည့်အဆောင် များအဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။ ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္က သိုလ်ဝင်းအတွင်းရှိ ဖုန်ဂန်ရာဇီအမျိုးသားဆောင်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၆၀)ဦးတို့အား သီးသန့်ထားစောင့်ကြည့်နိုင်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လူနာများအတွက် အသုံးအဆောင်ပစ္စည်းများ စုစောင်းထားရှိမှုကို ကြည့်ရှုစစ် ဆေးခဲ့ကြပြီး သန့်ရှင်းရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကာ အဆောင် အတွင်း လူနာထားမည့် အခန်းများ၊ စေတနာ့ဝန်ထမ်းများအတွက် နားနေဆောင်များ ပြင်ဆင်ထား ရှိမှုနှင့်…