ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် နေကြသည့် အဖွဲ့အစည်းအသီးသီးမှ စေတနာ့ဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ပေးရေးနှင့် ကူညီထောက်ပံ့မှုများပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇူလိုင် ၃၁ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ စေတနာ့ဝန်ထမ်းများအား စွမ်းဆောင် ရည်မြှင့်တင်ပေးနိုင်ရေးနှင့် ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော် မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ် အတွင်း ကိုဗစ်-၁၉ ကူးစက်မှုပျံ့ပွားမှုသည် လျော့နည်းကျဆင်းသွားခြင်း မရှိသေးဘဲ ကူးဆက်မှု မြင့်မားဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရာတွင် အဖွဲ့အစည်းအသီးသီးမှ ပါဝင်ကူညီနေကြ သည့် စေတနာ့ဝန်ထမ်းများအား တစ်ဦးချင်း စွမ်းရည်မြင့်မားလာစေရေးနှင့် လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ…