ကချင်ပြည်နယ်အတွင်း ဝဥစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်လာစေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝဥမျိုးစေ့များဖြန့်ဝေပေးအပ်
မြစ်ကြီးနား မတ် ၃၁ ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝဥစိုက်ပျိုးထုတ်လုပ်မှုအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ဝဥစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ဝဥမျိုးစေ့များကို ဖြန့်ဝေပေးအပ် ခဲ့သည်။ ဝဥမျိုးစေ့များဖြန့်ဝေပေးအပ်ရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်ပါအတိုင်း ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့်ကုန်ထုတ် လုပ်မှုကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တောင်သူများဘဝ တိုးတက်မြင့်မားလာစေရေးအတွက် ဝင်ငွေမြင့်မားပြီး ဈေးကွက်ရှိပြီးဖြစ် သည့် ဝဥကို ပြည်နယ်၏စီးပွားရေးထုတ်ကုန်တစ်ခုအဖြစ်အောင်မြင်အောင်အကောင်အထည်ဖော်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ကောင်စီအဖွဲ့အနေဖြင့် တောင်သူများအတွက် ဝဥမျိုးစေ့ဖြန့်ဝေပေး သွားမည့်အပြင် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုနည်းပညာများကို အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း…