ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ မဟာသင်္ကြန်ပွဲတော်အကျနေ့ ဝန်ထမ်းမိသားစုသင်္ကြန်ပွဲတော်ကျင်းပပြုလုပ်
မြစ်ကြီးနား ဧပြီ ၁၄ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးဝင်း အတွင်း မြန်မာ့ရိုးရာမိသားစုသင်္ကြန်ပွဲတော်ကို ဝန်ထမ်းမိသားစုမဟာသင်္ကြန်ပွဲတော်အဖြစ် ဧပြီ ၁၄ ရက်(တန်ခူးလဆန်း ၃ ရက်)မဟာသင်္ကြန်အကျနေ့တွင်ကျင်းပရာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင်အညီ ကျင်းပပြုလုပ် သည်။ မဟာသင်္ကြန်ပွဲတော်အကျနေ့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် များနှင့် ၎င်းတို့၏ ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးတို့ တက်ရောက်ကြပြီး မဟာ သင်္ကြန်ပွဲတော် ယိမ်းအကအလှအဖွဲ့များက ပိတောက်လက်ဆောင်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့် လှစ်ပေးကြသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာ့ယဉ်ကျေးမှုထုံး တမ်းစဉ်လာနှင့်အညီ မဟာသင်္ကြန်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်ခွင့်မရသော်လည်း မိသားစု သင်္ကြန်အနေဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မဟာသင်္ကြန်ကာလတွင် နှစ်ဟောင်းက အညစ်…