
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်စီဂျင်စက်ရုံပင်မအဆောက်အဦတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇူလိုင် ၂၈ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အတွက် ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်စီဂျင်စက်ရုံ ပင်မအဆောက်အဦတည် ဆောက်နေမှုနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့်ထားစောင့်ကြည့်နေမှုတို့ကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ ပြည် သူ့ဆေးရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ ဆုံပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကာ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့်…