ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော် ထိုးနှံပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ်များနှင့် ညှိနှိုင်းဆွေးနွေး

  မြစ်ကြီးနား     ဧပြီ ၁၈           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ခရိုင်၊ မြို့နယ်အလိုက် လုပ်ငန်းစီမံချက်ရေးဆွဲ၍ ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦး ရေ၏ ၆၆.၄၆ ရာခိုင်နှုန်းထိုးနှံနိုင်ခဲ့ပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ် များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အောင် မြင်ချောမောစွာ ဆောင်ရွက်နိုင်ရေး စီမံချက်များကို ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ပြညနယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၁၇           ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်စဉ်မပျက်ကျင်းပပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက် ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာမင်္ဂလာအခမ်းအနားများကို ဧပြီ ၁၇ ရက် နံနက် ပိုင်းက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများက ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါး ကြင်း၊ ငါးခုံးမကြီးကောင်ရေ (၂)သိန်းကျော်ကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြသည်။           ထိုမှတစ်ဆင့်…

Read More

ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၁၆ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုရပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ သင်္ကြန်အတက်နေ့ ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပိတ်ပွဲအခမ်းအနားကို ယိမ်းအဖွဲ့များက ယိမ်းအကလှများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ဆုရယိမ်းအဖွဲ့များအား ဆုချီးမြှင့်ရာတွင် စီဒီခွေသင်္ကြန် သီချင်းနှင့် ကိုယ်ပိုင်သံစဉ်/စာသား/ ဆိုင်းဝိုင်းပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအနက် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများနှင့် နှစ်သိမ့်ဆုရယိမ်းအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီးတို့က ဆုဖလား၊…

Read More

မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယခင်နေ့များထက် သင်္ကြန်ချစ်သူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိ

မြစ်ကြီးနား     ဧပြီ ၁၆           ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အတက် နေ့ ဧပြီ ၁၆ ရက်တွင် နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် တို့တွင် ရေပက်ကစားသူများ၊ လည်ပတ်သူများဖြင့် ယခင်နေ့များထက် သင်္ကြန်ချစ်သူများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့ကြပြီး အတာရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။           မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၌ မြို့ပေါ်ရပ်ကွက် ယိမ်းအဖွဲ့များနှင့် ဌာန ဆိုင်ရာယိမ်းအဖွဲ့များ၏ ယိမ်းအကအလှများ၊ခေတ်ပေါ်တေးသီချင်းသီဆိုမှုများဖြင့်ဖျော်ဖြေတင်ဆက် လျက်ရှိရာ သင်္ကြန်ချစ်သူများ လာရောက်လည်ပတ်ကြပြီး ပျော်ရွှင်စွာကခုန်ရေကစားမှုကို ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှု…

Read More

မြစ်ကြီးနားမြို့၌ သင်္ကြန်အကြတ်နေ့ မဟာသင်္ကြန်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ရေကစားသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားသူများဖြင့်စည်ကားနေ

မြစ်ကြီးနား     ဧပြီ ၁၅           ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ဧပြီ ၁၅ ရက်တွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် ရေကစား သူများ၊ လည်ပတ်သူများဖြင့် အေးချမ်းပျော်ရွှင်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေသဘင်မဏ္ဍပ်များသို့ သွားရောက်ပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများသည် မြစ်ကြီးနားလေတပ်စခန်းဌာန ချုပ်မိသားစု အတာရေသဘင်ပွဲတော်သို့ တက်ရောက်ကြပြီး လေတပ်စခန်းဌာနယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးသီချင်းများ သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကာ လေတပ်စခန်းဌာနချုပ် တပ်ရင်းတပ်ဖွဲ့မိသားစုများနှင့်အတူ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။           ထိုမှတဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်သို့ သွားရောက်ပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မဟာသင်္ကြန်ပွဲတော်နှင့် မြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်တို့တွင် ရေသဘင်ပွဲတော်အား ပါဝင်ဆင်နွှဲ

မြစ်ကြီးနား     ဧပြီ ၁၄ မြန်မာ့တို့၏ ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်း ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် (အကျနေ့) ဧပြီ ၁၄ ရက်နေ့ တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ စည်ကားစွာကျင်းပနေသည့် မဟာသင်္ကြန်ပွဲတော်နှင့် မြို့ပေါ်ရှိဗဟိုမဏ္ဍပ်တို့တွင် အတာရေသဘင်ပွဲတော်ကို အေးချမ်းပျော်စွာ စုပေါင်းပါဝင်ဆင်နွှဲခဲ့သည်။ ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ကျင်းပပြုလုပ်သည့် မဟာ သင်္ကြန်ပွဲတော်သို့ သွားရောက်ပြီး တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများနှင့် အတူ တိုင်းစစ်ဌာနချုပ်ရှိ မဟာသင်္ကြန်ပွဲတော်အတွင်း တပ်ရင်း/တပ်ဖွဲ့မိသားစုများ၏ စတုဒီသာ မဏ္ဍပ်များဖြင့် ခင်းကျင်းကျွေးမွေးဧည့်ခံမှုကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဧပြီ ၁၃           မြန်မာ့တို့၏ ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်း ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ စည်းကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်သည်။           ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကို ဖွင့်လှစ်လိုက်ကြောင်း ကြေညာပြီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်လှစ်၍ ဒေသခံပြည်သူများနှင့်အတူ အတာရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

မြစ်ကြီးနား     ဧပြီ ၁၃           ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက် နံနက် ၉ နာရီက ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံတို့၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စတင် ဖွင့်လှစ်ပေးရာ အတာရေသဘင်ပွဲတော်အား  ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ ကြသည်။           အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက လမ်းလျှောက် သင်္ကြန်ပွဲတော်အတွင်း…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုခရိုင်ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်မချမ်းဘော့မြို့နယ်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအားကြည့်ရှုအားပေး

ပူတာအို  ဧပြီ  ၁၁             ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများ နှင့်အတူ  ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် သီးထပ်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိရေး၊ပန်း အာလူး စိုက်ဒေသခံတောင်သူများနှင့် မတ်(၁၀)ရက် နံနက်(၈)နာရီခွဲ ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ ရှမ်းစာပေ နှင့်ယဉ်ကျေးမှုအသင်းရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံသည်။             တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ပြည်နယ်အစိုးရအနေဖြင့် ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် ဒေသတွင်း ဆန်၊စပါးအထွက်တိုးရေး၊သီးထပ်သီးနှံများအောင်မြင်ဖြစ်ထွန်းရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုရှင်းလင်းပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေး၊ပန်းအာလူး စိုက်တောင်သူများက စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်တိုးမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊သီးထပ်သီးနှံများတိုးမြှင့်စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်နှင့်နည်းစနစ်တကျစိုက်ပျိုး ထုတ်လုပ်ရေး၊ပန်းအာလူးစိုက်ပျိုးရေးအတွက်မျိုးသန့်များဖြန့်ဖြူးသွားမည့်အစီအစဉ်များ၊စိုက်ပျိုးရာတွင်တွေ့ ကြုံရသည့်အခက်အခဲများကိုပွင့်လင်းရင်းနှီးစွာဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များကို ဌာန ဆိုင်ရာများနှင့်ချိတ်ဆက်ပေါင်းစပ်ပေးခဲ့သည်။             ထိုနောက် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ မြို့မရပ်ကွက်တွင် စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံ အတွင်း ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် ဒေသမျိုးရင်း ဆန်စပါးအစားပြောင်းလဲစိုက်ပျိုးသွား…

Read More

မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ဇာတ်တိုက်လေ့ကျင့်လျက်ရှိ

မြစ်ကြီးနား     ဧပြီ ၁၂           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၁၃၈၃ ခုနှစ် (ခရစ်နှစ် ၂၀၂၂)ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာ မပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်း ပပြုလုပ်နိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် ဖွင့်ပွဲကျင်းပနိုင်ရေး ဇာတ်တိုက် လေ့ကျင့်လျက်ရှိသည်။           မြစ်ကြီးနားမြို့တွင် မဟာသင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမ ရှေ့၌ ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ် ဆောက်လုပ်ထားရှိပြီး ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့)တွင် ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်နိုင်ရေး စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက ယိမ်းအကအဖွဲ့များ ဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။           အလားတူ မင်းရပ်ရပ်ကွက် ပြည်သူ့ရင်ပြင်အတွင်းနှင့် ဧရာဦးပန်းခြံအထိ…

Read More