
ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင်၊ မြို့နယ်တရားရုံးများသို့ မြစ်ကြီးနားတက္ကသိုလ် ဥပေဒပညာဌာန၊ ပဉ္ဇမနှစ်ကျောင်းသား/ကျောင်းသူများ တရားခွင်လက်တွေ့ကွင်းဆင်းလေ့လာ
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆ ကချင်ပြည်နယ်တရားလွှတ်တော်နှင့် မြစ်ကြီးနားခရိုင်/ မြို့နယ်တရားရုံးများသို့ မြစ်ကြီးနား တက္ကသိုလ် ဥပေဒဌာနမှ ပါမောက္ခဌာနမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက တရားခွင်လက်တွေ့ကွင်းဆင်းလေ့လာခြင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီက ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာသည် ပြည်နယ်တရားလွှတ် တော်တရားသူကြီး ဦးတူးမော်၊ ဦးအောင်မြင့်၊ တာဝန်ရှိသူများက အစည်းအဝေးခန်းမ၌ ကျောင်းသား/ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးဦးအောင်မြင့်တို့ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပြီး မြစ်ကြီးနားတက္ကသိုလ် ဥပဒေဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်ခင်စိုးစိုးလင်းက ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံး ကြည်က…