ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများအထိ ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်သွားရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇွန် ၂၈ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများအထိကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်တီဥက္ကဋ္ဌနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များက ဇွန် ၂၈ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော် မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သည် မေလနောက်ဆုံးပတ်မှ စတင်၍ ကချင်ပြည်နယ်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အထိ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၆၇ ဦးရှိပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်၊ကြေညာ ချက်များကို ပြည်သူများအလေးထား…