ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုကို လက်ခံရယူ
မြစ်ကြီးနား သြဂုတ် ၃ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ထံသို့ ထိန်ချုံးခရိုင်ကုန်သည်ကြီး များအသင်းနှင့် ပြည်နယ် လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်းတို့မှ အလှူငွေများပေး အပ်လှူဒါန်းမှုကို သြဂုတ် ၃ ရက် နံနက် ၁၁ နာရီခွဲတွင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ လက်ခံရယူခဲ့သည်။ အလှူငွေများ လှူဒါန်းလက်ခံရရှိမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထိန်ချုံးခရိုင်အနေဖြင့် မိမိတို့ ကချင်ပြည်နယ်၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင်အသုံးပြုရန်အတွက် အောက်စီဂျင်စက်များကိုပို့ဆောင်ပေးနေသည့်အပြင် အိမ်နီးခြင်းကောင်း ပီသစွာများစွာအထောက်အကူပေးသည့်အပြင် ယခုလိုလာရောက်ထောက်ပံ့သည့် ကျေးဇူးတင်ရှိ ကြောင်းနှင့် ပြည်နယ်အတွက် လာရောက်ထောက်ပံ့သူများအလုံးကို ပြည်နယ်သူ/သားများကိုယ် စား ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်…