ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး
မြစ်ကြီးနား ဇွန် ၁၀ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန် အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ် ရောဂါနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများတွင် လျှင်မြန်စွာကူးစက်ဖြစ်ပွားနေမှုနှင့် မြန်မာနိုင်ငံ အတွင်း ပြန်လည်ဖြစ်ပွားလာမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မိမိတို့ ကချင်ပြည်နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသည်ကို တွေ့ရှိရသဖြင့် ကြိုတင်ကာကွယ်တားဆီးရေး၊ အသိပညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် တိုးမြှင့်လုပ်ဆောင်ရေးနှင့် ဆပ်ကော်မတီ များအနေဖြင့်…