ကိုဗစ်-၁၉ ကာလအတွင်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်း ၂၆ ခုမှ အိမ်ထောင်စု ၂၁၉၄ စု လူဦးရေ ၁၁၆၁၃ ဦးတို့အတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်
မြစ်ကြီးနား ဇူလိုင် ၁၈ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ရောဂါ ရောဂါပိုးကူးစက်မှုနှုန်းမြင့် မားလာသည့်အတွက် Stay at Home အစီအစဉ်တွင် မြစ်ကြီးနားမြို့နယ်အား ပါဝင်လာပြီးနောက် မြို့နယ်အတွင်းရှိ IDPs စခန်း ၂၆ ခုမှ အိမ်ထောင်စု ၂၁၉၄ စု၊ လူဦးရေ ၁၁၆၁၃ ဦးတို့၏ နေထိုင် စားသောက်မှု အဆင်ပြေစေရေး ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် အခြေခံစားသောက် ကုန်များ၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များကို စခန်းများအရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြသည်။ အဆိုပါ ထောက်ပံ့မှုအစီအစဉ်ကို ဇူလိုင် ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦခက်ထိန်နန်၊…