ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ကျောင်းကျန်းမာရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောင်များ ပျက်စီးဆုံးရှံးခဲ့သည့် ရှမ်းမျိုးနွယ်စုယာယီတိုက်ပွဲရှောင်စခန်းသို့သွားရောက်ထောက်ပံ့
မြစ်ကြီးနား မေ ၂၂ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပညာရေးဝန်ထမ်းများတို့မှ အဆင့်အသီးသီးတွင် တက်ကြွစွာလက်တွဲဆောင်ရွက်ကြစေရန်နှင့် အထူးသဖြင့် ကျောင်းအဆင့်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားလူငယ်တို့ ကိုယ်တိုင်ဆောင်ရွက်ကြပြီး ၎င်းတို့မှတဆင့် မိဘပြည်သူများ တက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သော ကျောင်းကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီက ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ကျောင်းကျန်းမာရေး ကော်မတီဝင်များတက်ရောက်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာ ပြည်နယ်ဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနသည် လူတိုင်းလွှမ်းခြုံ လက်လှမ်းမီသည့် ကျန်းမာရေးစနစ် (Universal Health Coverage ) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားလူငယ်များသာမက ဆရာ၊ဆရာမများနှင့် ပညာရေးဝန်ထမ်းများအပါအဝင် ပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံ လက်လှမ်းမီစေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း…