ကချင်ပြည်နယ်အစိုးရဖွဲ့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း လယ်သီးထပ် ပဲပုပ်ခင်းရွက်ဖျန်း မြေသြဇာဖျန်းခြင်း၊ နေကြာသီးနှံပျားဖြင့် ဝတ်မှုန်ကူးခြင်း၊ ထယ်ရေးမဲ့ စပါးရိုးပြတ်ရိတ်ဖုံးစနစ်ဖြင့် စိုက်ပျိုးသည့် ပဲပုပ်ခင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲများ နှင့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားသို့ တက်ရောက်၊ အားကစားနည်းအလိုက် စခန်းသွင်း သွင်းလေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုအားပေး
မြစ်ကြီးနား မတ် ၂၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးအပြီး လယ်သီးထပ် နေကြာ၊ ပဲပုပ်များ စိုက်ပျိုးထားရှိပြီး လယ်သီးထပ် ပဲပုပ်ခင်းမြေသြဇာဖျန်းခြင်း၊ နေကြာသီးနှံ ပျားဖြင့် ဝတ်မှုန်ကူးခြင်း၊ ထယ်ရေးမဲ့ စပါးရိုးပြတ်ရိတ်ဖုံးစနစ်ဖြင့် စိုက်ပျိုးသည့် ပဲပုပ်ခင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲများနှင့် လယ်သီးထပ်အတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားများကို အဆိုပါ စံပြစိုက်ခင်းအတွင်း ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ လယ်သီးထပ်အတွက် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စိုက်ပျိုးသီးနှံများ အထွက်တိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်များအပြင် သွင်းအားစုကလည်း…