ကချင်ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်များကို တန်ဖို့းမြှင့်ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဒေသခံMSMEလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
မြစ်ကြီးနား ဇွန် ၃ ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယနေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်အနေဖြင့် အသေးစား၊ အငယ်စား MSME စီးပွားရေးလုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက် အားပေးကူညီလျက်ရှိသည့်အပြင် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် များကို မိမိတို့ဒေသအတွက် ဖူလုံမှုရှိစေရုံသာမက အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်၊ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည်အထိ ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမြှင့်ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် စျေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေးအတွက်…