ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှကာကွယ်ရေးအတွက် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် အင်ဂျန်းခ၊ ရေကြည်ချောင်းရေထိန်းတံခါး တည်ဆောက်ရေး လုပ်ငန်းစီမံကိန်းများအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇွန် ၃၀ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်တွင် စံချိန်တင်မြစ်ရေကြီးမြင့်မှုကြောင့် မြို့ဧရိယာ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသည့် ရေမိုင် (၁၈)မိုင်အတွင်း ရေလျှံတားနံရံများ၊ ကမ်းထိန်းတမံများ၊ ရေထိန်းတံခါး တည်ဆောက်ခြင်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်း ဆုတောင်းပြည့်စေတီတော်ဆိပ်ကမ်းမှ စီတာပူရပ်ကွက် အင်ဂျန်းခချောင်းအထိ အရှည်ပေ ၅၀၀ ရှိ ကျောက်စီမြေထိန်းတမံနှင့် ကမ်းနားလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်မှစတင်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက…