ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား-မိုးညှင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေး မိုးညှင်းခရိုင်အတွင်း ရထားလမ်းပိုင်းများနှင့် ဘူတာများ ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ မိုးကောင်းမြို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်များထောက်ပံ့
မြစ်ကြီးနား ဇွန် ၂၃ ကချင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ ခရီးစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်ရေးနှင့် သွားလာမှုလွယ်ကူစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြန်မာ့မီးရထားအနေဖြင့် မြစ်ကြီးနား-မိုးညှင်းမီးရထားလမ်းပိုင်းအား မြန်မာ့မီးရထား သတ်မှတ်ချိန်မီဖွင့်လှစ်ပြေးဆွဲနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၅ နာရီက မိုးညှင်းခရိုင်အတွင်း မီးရထားလမ်းပိုင်းများနှင့် ဘူတာများ ပြုပြင်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာသို့ ဆက်လက်သွား ရောက်ပြီး နန်းမားကျေးရွာအတွင်း မြစ်ကြီးနား-မိုးညှင်း မြန်မာ့မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် နန်းမာဘူတာ ပြုပြင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နန်းမားနှင့် မြို့သစ်ကလေးဘူတာကြား မိုင်တိုင် ၆၄၂/၁၇-၁၈ ရှိ တံတားအမှတ် (၆၁၁) ပျက်ဆီးနေမှုအား သံဘောင်ထည့်သွင်းခြင်းလုပ်ငန်း…